🌸 အပိုင်း 82 🌸

6.8K 403 12
                                    

🌸 Flashlight 🌸

အပိုင်း 82

သူမတို့ Team က တာ၀န်ယူထားတဲ့ Orange Blossom လေး စပြီး ဖြန့်ချိတာ ဒီနေ့ဆို တစ်ပတ်ပြည့်ပြီမို့ customers တွေရဲ့ တုံ့ပြန်မှုရလဒ်ကို သိရရန် ဖောင်းဖောင်း အဖွဲ့မှူးနဲ့ အတူတူ စင်တာတွေ၊ ရှော့ပင်းန်မောလ်တွေဆီကို လိုက်ပြီး စစ်တမ်းကောက်နေရသည်။

အစက နွေဦးအမီကို ဖြန့်ဖို့ ကြိုးစားခဲ့ပေမယ့် ထင်မှတ်မထားတဲ့ နှောင့်နှေးမှုလေးတွေကြောင့် နွေရာသီစစ်စစ်ရောက်တဲ့အချိန်ကျမှပဲ ဖြန့်နိုင်တော့သည်။

ဒါပေမဲ့ ပစ္စည်းက စထွက်တဲ့ တစ်ပတ်တာအတောအတွင်းမှာပဲ customers တွေဆီမှ ကောင်းမွန်တဲ့တုံ့ပြန်မှုတွေ ရခဲ့ပြီး သူမတို့ မျှော်မှန်းထားတဲ့ target ကိုပင် အများကြီး ကျော်လွန်သွားတာ​မို့ ပင်ပန်းရကျိုး နပ်ပါသည်။

နာမည်ကြီးစင်တာတစ်ခုမှာရှိတဲ့ Mavellery counter မှာ စစ်တမ်းကောက်လို့အပြီး စင်တာထဲမှ ပြန်အထွက်မှာတော့ ဖောင်းဖောင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။

အပြင်မှာ ရာသီဥတု ပူချက်ကတော့ တော်တော်ဆိုးသည်။ ချွေးစို့နေတဲ့ နဖူးလေးကို ဖောင်းဖောင်း တစ်ချက် ပင့်သုတ်ကာ နောက်ထပ် စင်တာ 2 ခုဆီ ထပ်သွားရဦးမယ့် အရေးကို တွေးပြီး ပိုပင်ပန်းသွားရသည်။

အား...... ပူလိုက်တာ.......

ဒီနေ့ သူမ ပေါ့ပေါ့ပါးပါးနဲ့ အေးအေးလူလူ ရှိတဲ့ ချည်သားဂါ၀န်လေး ၀တ်လာမိလို့ တော်သေးတာပေါ့ .......

"ဖောင်းဖောင်း......"

"ရှင်.... အဖွဲ့မှူး ....."

"ဒီမှာ ခဏလေး စောင့်နေလို့ ရမလား...... အစ်ကို စင်တာထဲမှာ ပစ္စည်းတစ်ခု မေ့ကျန်ခဲ့လို့ ......."

"ဟုတ်ရတယ်လေ အဖွဲ့မှူး ..... ဖောင်း ဟိုနားမှာ စောင့်နေမယ်......."

နည်းနည်းအရိပ်ရပြီး အေးမယ့်ပုံရှိသည့် နေရာလေးကို ဖောင်းဖောင်း ညွှန်ပြကာ ပြောလိုက်သည်။

"အွန်း .....  ခဏပါပဲ ..... အစ်ကို ချက်ချင်းပြန်လာခဲ့မယ်........"

"ဟုတ်......"

အဖွဲ့မှူးက စင်တာထဲ ပြန်၀င်သွားတော့ ဖောင်းဖောင်း အရိပ်ရတဲ့ အဲ့နေရာလေးမှာ သွားနေလိုက်သည်။

FlashlightWhere stories live. Discover now