🌸 အပိုင်း 31 🌸

8.2K 447 42
                                    

🌸 Flashlight 🌸

အပိုင်း 31

ကောင်းစက် အိပ်နေရင်းနဲ့ အိပ်မက်ဆိုးတစ်ခုကြောင့် လန့်နိုးသွားရသည်။

နိုးနိုးချင်း အိပ်မက်အကြောင်းကို ပြန်တွေးမိတော့ ကောင်းစက် အိပ်နေရာမှ ချက်ချင်း ထထိုင်လိုက်မိသည်။

အိပ်မက်ထဲမှာ ဖောင်းဖောင်းက တကယ်ပဲ သူ့ရဲ့ အစ်မဖြစ်လာပြီး ဒယ်ဒီက သူ့မိတ်ဆွေတွေကို ဒါ ကျွန်တော်ရဲ့ သမီးကြီးလေ ဆိုပြီး မိတ်ဆက်ပေးနေသည်။

ဖောင်းဖောင်းကလဲ သူ့ကို ပြုံးပြီးကြည့်ကာ မောင်လေးဟု ခေါ်လိုက်သေးသည်။

ကောင်းစက် မျက်လုံးကို လက်ဖနောင့်နဲ့ ဖိပွတ်ကာ ခေါင်းကို ခါရမ်းလိုက်မိသည်။

သူ့အဖြစ်က မာမီတို့ပြောတဲ့ စကားတွေကို စိတ်ထဲစွဲပြီး အိပ်မက်ဆိုးတွေပါ မက်ကုန်တဲ့အထိပင်။

ကောင်းစက် အိပ်ရာဘေးက စားပွဲပေါ်မှာတင်ထားတဲ့ ရေဘူးကို လှမ်းယူပြီး မော့သောက်လိုက်သည်။

ရေသောက်လိုက်တော့မှ စိတ်က နည်းနည်း အဆင်ပြေသွားသည်။

အချိန်ကို ကြည့်လိုက်တော့ မနက် 3 နာရီကျော်ကျော်ပဲ ရှိသေးသည်။

ကောင်းစက် အိပ်ရာမှ ထလိုက်ပြီး ပြတင်းပေါက်ရှိရာဆီ သွားလိုက်သည်။

သူ့အခန်းရဲ့ ပြတင်းပေါက်ကနေကြည့်ရင် ဖောင်းဖောင်းရဲ့ အခန်းကို တန်းမြင်နေရသည်။

မီးပိတ်ထားတဲ့ အခန်းလေးကို ကြည့်ပြီး ကောင်းစက် ပင့်သက်တစ်ချက်ရှိုက်လိုက်မိသည်။

နောက် 3လနေရင် သူ့အသက် 15 နှစ် ပြည့်ပြီဖြစ်သည်။

အနာဂတ်အတွက် သူဖြစ်ချင်တဲ့ အခြေအနေမျိုးကို ရွေးချယ်ပြီးတော့မှ သူ့ခံစားချက်တွေကို သေချာပြန်ဆန်းစစ်ကြည့်ဖို့ တွေးထားခဲ့ပေမယ့် အခု အခြေအနေတွေက သူမျှော်မှန်းထားသလိုမျိုး ဟုတ်မနေတာကို ကောင်းစက် မချင့်မရဲ ဖြစ်မိသည်။

သနားစိတ်နဲ့ ကူညီပြီး ကာကွယ်ပေးရင်းကနေ ဖောင်းဖောင်းက သူ့ မသိစိတ်ထဲကို တဖြည်းဖြည်းနဲ့ ရောက်လာခဲ့တာများလား......

FlashlightWhere stories live. Discover now