🌸 အပိုင်း 74 🌸

8K 463 14
                                    

🌸 Flashlight 🌸

အပိုင်း 74

"အခုမှ နိုးတာလား ဖောင်း...... "

"ဟုတ်တယ် မောင်......"

"အချိန်တောင် တော်တော်နောက်ကျနေပြီ ....... အိပ်ပုတ်ကြီးနေတာလား........"

"မိုးလင်းခါနီးမှ အိပ်ပျော်သွားလို့မောင်ရဲ့ ....... အချိန်​ အပြောင်းအလဲကြောင့် မို့လား မသိဘူး ညက တော်တော်နဲ့ အိပ်လို့မပျော်တာနဲ့ ရုပ်ရှင်ထိုင်ကြည့်လိုက်တာ ..... အဲ့မှာ အချိန်ကုန်လို့ ကုန်မှန်းမသိဘဲ မိုးလင်းပေါက်အထိ ဖြစ်သွားတာ ........"

ကောင်းစက်မှာ တစ်ဖက်မှ ချစ်ရသူပြောတာတွေကို နားထောင်ရင်း ပြုံးနေမိသည်။

"ဖောင်း အခုမှ နိုးတာဆိုတော့ မနက်စာလဲ မစားရသေးဘူးပေါ့......."

"အွန်း ဟုတ်တယ်မောင်...... ပြီးမှ စားမှာ...... ဒီနေ့အိမ်မှာ မေမေက ရွှေတောင်ခေါက်ဆွဲချက်ထားတယ်....... "

"မောင်ကဖြင့် အန်တီသိမ့်လက်ရာ ရွှေတောင်ခေါက်ဆွဲကို စားတောင်စားပြီးသွားပြီ ......  ကောင်မလေးတစ်ယောက် အခုမှ စားရမှာ သနားပါတယ်ကွာ......"

မောင့်စကားကြောင့် သူမရဲ့ နှုတ်ခမ်းလုံးလုံးလေးကို ဖောင်းဖောင်း စူလိုက်မိသည်။

"ဒါနဲ့ မောင် အပြင်ရောက်နေတာလား...... အသံတွေ ဆူနေတာပဲ ......"

"ကလေးတွေ ဆော့နေကြတာ ဖောင်း...... မောင်က အခု (......) Cafe မှာ ရောက်နေတာ....... ဒီမှာက ကစားကွင်းအသေးလေး တစ်ခုရှိတော့ ညီမလေးက သွားချင်တယ် ပူဆာတာနဲ့ တစ်မိသားစုလုံး လာဖြစ်သွားတာ......."

"ဒါဆို အပြန်ကျရင် အဲ့ကနေ ဖောင်း အတွက် မုန့်၀ယ်လာခဲ့နော် မောင် ......."

"အဟက် ...... ပြောတာတောင် နောက်ကျနေပြီ......ဖောင်း ကြိုက်လောက်မယ့် ကွတ်ကီးဘူးလေး မောင် ၀ယ်ထားတယ်......."

"အဟွင်း....... အဲ့တာကြောင့် မောင့်ကို အရမ်းချစ်တာ........"

ထိုအချိန်မှာပဲ ကလေးပေါက်စလေးတစ်ယောက်ရဲ့ အော်သံကို ကြားလိုက်ရတာကြောင့် ကောင်းစက် ဘာဖြစ်တာလဲဆိုပြီး ကြည့်လိုက်မိသည်။

"အမယ်ရေး ရုပ်ပါအူး.... ကိုကိုမြူခိုး လဲကျသွားပီ.....  တီတီချိုရီရေ ဒီမှာ မမတစ်ယောက်ရုတ်ရိုက်သာ ကိုကိုမြူခိုး လဲကျသွားပီ......"

FlashlightWhere stories live. Discover now