🌸 အပိုင်း 86 🌸

7.3K 441 15
                                    

🌸 Flashlight 🌸

အပိုင်း 86

"ဖောင်းတို့ ရုံးခန်းက အပေါ်ဆုံးထပ်မှာလေ မောင် ...... ဥက္ကဌရဲ့ ရုံးခန်းနဲ့ တစ်ထပ်ထဲပဲ......"

မောင်က သူမလက်ညှိုးညွှန်ပြတဲ့နေရာကို တစ်ချက် ငဲ့ကြည့်ပြီး ခေါင်းငြိမ့်ပြသည်။

"အဲ့တာဆို ဖောင်းသွားတော့မယ်နော်...... မောင် ညနေရော လာကြိုမှာမလားဟင်......."

"အွန်း လာကြိုမယ်လေ...... မောင် 5 နာရီလောက်ရောက်ရင် အဆင်ပြေတယ်မလား......."

"အွန်း ပြေတယ်ရယ်....... ဖောင်းတို့လဲ အဲ့အချိန်ဆို အလုပ်ဆင်းပြီ..... ဒါဆို ဖောင်း သွားပြီနော် မောင်......"

"ခဏလေး......"

ဖောင်းက ကားပေါ်မှဆင်းဖို့လုပ်တဲ့အချိန်မှာ ကောင်းစက် ဖောင်းရဲ့ လက်ကို လှမ်းဆွဲကာ တားလိုက်မိသည်။

"ဟင်...... ဘာဖြစ်လို့လဲ မောင်......"

ကောင်းစက် ဘာမှပြန်ပြောမနေဘဲ ဖောင်းရဲ့မျက်နှာ အနားအထိ တိုးသွားကာ ပန်းသွေးရောင်နှုတ်ခမ်းဖူးဖူးလေးကို ဖိနမ်းလိုက်သည်။

"လူချင်းမတွေ့ဖြစ်တာမှ လပိုင်းလေးပဲရှိသေးတယ်...... နှုတ်မဆက်ခင်မှာ နမ်းရမယ်ဆိုတာကို မေ့သွားပြီလား....... နောက်ဆို အခုလို သတိမပေးရစေနဲ့နော်....... "

မောင့်ရဲ့ စကားကြောင့် ဖောင်းဖောင်း ရှက်ပြုံးလေးပြုံးမိသွားရသည်။

"နေ့လယ်ထမင်းစားတဲ့အချိန်ကျရင် မောင် message ပို့လိုက်မယ်နော်......"

"အွန်းအွန်း......."

ဖောင်းဖောင်း မောင့်ကို ခေါင်းငြိမ့်ပြပြီးမှ ကားပေါ်ကနေ ဆင်းလိုက်သည်။

ကုမ္ပဏီထဲမ၀င်ခင်မှာ ဖောင်းဖောင်း နောက်ကိုတစ်ချက်လှည့်ကြည့်လိုက်တော့ မောင်က ကားမှန်တံခါးကို ချပြီး သူမအား ကြည့်နေတုန်းမို့ တာ့တာလုပ်ပြလိုက်သည်။

မူကြိုထဲ၀င်ခါနီးမှာ ကလေးက အဖေဖြစ်သူကို တာ့တာပြသလိုမျိုး လုပ်ပြလာသည့် ဖောင်းကြောင့် ကောင်းစက်အသံထွက်ကာရယ်လိုက်မိသည်။

"ထက်ထက်.....ထက်ထက်..... ဟိုမှာကြည့်စမ်း ..... တာ့တာပြနေတာ ဖောင်းဖောင်းမလား......"

FlashlightWhere stories live. Discover now