🌸 ဇာတ်သိမ်းပိုင်း 🌸

15.8K 691 75
                                    

🌸 Flashlight 🌸

ဇာတ်သိမ်းပိုင်း

"မာမီနဲ့ ဒယ်ဒီရေ...... ဒီမှာ မမဖောင်းဖောင်း ပုံတွေပို့လာပြီ ......."

သူမရဲ့ iPad လေးကို မြှောက်ပြကာ ယွန်း မာမီ နဲ့ ဒယ်ဒီ့ကို လှမ်းခေါ်လိုက်သည်။

ထိုအခါ စာလုပ်နေသည့် ကိုကို 3 ကပါ သူမလေးအနားကို အပြေးရောက်လာသည်။

"ဘယ်မှာလဲ သမီး ....... မာမီတို့ကို ပြပါအုံး ......"

မာမီ နဲ့ ဒယ်ဒီတို့ကလဲ သူမလေးနားမှာ ၀င်ထိုင်လာကြသည်။

"ဒီမှာ မာမီ "

ဒယ်ဒီ နဲ့ ကိုကို 3 ပါ သေချာမြင်ရအောင်လို့ သူမရဲ့ iPad လေးကို မာမီ့လက်ထဲသို့ ယွန်း ထည့်ပေးလိုက်သည်။

ပုံတွေကို တစ်ပုံချင်းစီ ထောက်ကြည့်တဲ့အချိန်မှာတော့ စက်မိသားစု 4 ယောက်လုံး surprise ဖြစ်သွားကြသည်။

ပထမဦးဆုံးစိတ်ကို မထိန်းနိုင်ဘဲ ရယ်လိုက်မိသူမှာတော့ ခွန်းစက်ပင်။

"ဖူး...... ကိုကို 1 က ကာတွန်းတီရှပ်နဲ့ ...... အဲ့ပုံတွေကို ချက်ချင်း ကိုကို 2 ဆီ ပြန် share ပေးရမယ်....... အဲ့တာမှ ကိုကို 2လဲ မြင်ပြီး ရယ်မှာ......."

ကိုကို 3 ပြောတာကို နားထောင်ပြီး ယွန်းမှာ တခစ်ခစ် ရယ်မိသည်။

စက်နဲ့ ရှင်မွေ့ တို့မှာလဲ အလိုတူစွာ ပြုံးမိကြသည်။

သားကြီးက ဟိုးငယ်ငယ်လေးထဲက အ၀တ်အစားနဲ့ ပတ်သက်လာရင် ဂျီးများတတ်တယ်ဆိုတာကို သူတို့လင်မယား အသိဆုံးပင်။

အခုကျတော့ ဖောင်းဖောင်းလေးနဲ့ ဆင်တူ ရင်ဘတ်မှာ ကာတွန်းပုံပါတဲ့ တီရှပ်ကို Couple ၀တ်ထားတာကြောင့် တစ်မိသားစုလုံး သဘောကျစွာရယ်မိကြခြင်း ဖြစ်သည်။

"အဟွန်း ...... သားကတော့ မိန်းမချစ်တဲ့နေရာမှာပါ အဖေ့ခြေရာကို မီအောင်လိုက်နင်းနေတော့တာပဲ ...... ဟုတ်တယ်မလား ရှင်မွေ့ ......"

စက်က သူမပခုံးကို ဖက်ပြီး ပြောလာတော့ ရှင်မွေ့ ဖြစ်ရလေဆိုတဲ့ အကြည့်နုနုတစ်ချက်ဖြင့် စက်ကို ပြန်ကြည့်လိုက်သည်။

*

တေးရေးဆရာ မင်းနောင်ဆိုတဲ့ ဘဲက သူတို့အဖွဲ့နဲ့ ​ပြောဆိုထားပြီးသား သီချင်းတစ်ပုဒ်ကို ရေးပြီးပြီးချင်းမှာပဲ တခြားတစ်ဖွဲ့အား ပေးလိုက်၍ မင်းစက် တော်တော်လေးကို ဒေါသဖြစ်နေမိသည်။

FlashlightWhere stories live. Discover now