ကျန့်ပေါင်ကျူး အထက်တန်းကျောင်းတက်တုန်းက ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ကျောင်းမှ ကျောင်းသားတွေကို အနုပညာနှင့်သိပ္ပံဆိုပြီး ပိုင်းခြားခဲ့သည်။ သူတို့၏ဒုတိယနှစ်တွင် အနုပညာနှင့်သိပ္ပံပညာခွဲဝေမှုအတွင်း ကျန့်ပေါင်ကျူးသည် ကံမကောင်းစွာဖြင့် ချွီကျစ်နှင့်အတူ တစ်တန်းတည်းတွင်တက်ခဲ့ရပြီး သူတို့မှာ ထိုင်ခုံဖော် ဖြစ်လာခဲ့သည်။ပထမအတန်းချိန်သည် မိမိကိုယ်ကို မိတ်ဆက်ခြင်းအပိုင်းဖြစ်သည်။ အလုပ်အရမ်းများတာကြောင့် ဆရာမက လူတိုင်းကို ထိုင်ခုံမှာနေစေပြီး မိတ်ဆက်စကား နည်းနည်းပါးပါး ပြောခွင့်ပြုသည်။ အတန်းဖော်တွေရဲ့ မိတ်ဆက်စကားတွေက တကယ့်ကို ပေါ့ပေါ့ပါးပါးပါပဲ၊ အခြေခံအားဖြင့်တော့ သူတို့ရဲ့ နာမည်တွေကို ရေးပြပြီး မြန်မြန်လေး ထိုင်လိုက်ရုံပဲ။
မုန့်ယရှင်းက မတ်တပ်ထရပ်ပြီး မိတ်ဆက်နေတဲ့အချိန် သူမစိတ်ထဲမှာတော့ ကျန့်ပေါင်ကျူးက သူမကိုယ်သူမ ဘယ်လိုမိတ်ဆက်ရမလဲဆိုတာကို ပြန်လည်လေ့ကျင့်နေလေသည်။
"အားလုံးပဲ မင်္ဂလာပါ ငါက မုန့်ယရှင်း ပါ.. မုန့်ဇီက 'မုန့်' ၊ ကျန်သရေရှိတယ်လို့ အဓိပ္ပာယ်ရတဲ့ 'ယ' ၊ ကျင်း သုံးခုကို ကိုယ်စားပြုတဲ့ 'ရှင်း' ပါ"
ကျန့်ပေါင်ကျူး၏မျက်လုံးများ တောက်ပလာပြီး သူမ မုန့်ယရှင်းဆီသို့ လှမ်းကြည့်လိုက်သည်။ သူမက မြင်းမြီးပုံစံ မြင့်မြင့်ချည်နှောင်ထားသော သန့်ရှင်းသပ်ရပ်သော ပြုံးနေသောမျက်နှာရှိသော မိန်းကလေးဖြစ်သည်။ ဤပုံစံသည် အထက်တန်းကျောင်းဝင်းအတွင်းတွင် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော်လည်း ကျန့်ပေါင်ကျူး၏မျက်လုံးများတွင် သူမသည် အခြားသူများတွင် မရှိသော ထူးခြားသောဆွဲဆောင်မှုတစ်ခုကို ပေါ်လွင်စေသည်။
"ကျင်းသုံးခုလား? အဲဒါက စာလုံးရွေးချယ်မှုကောင်းလေးပဲ ဂုဏ်ယူစရာကောင်းတယ်"ကျန့်ပေါင်ကျူးက တိုးတိုးလေး ချီးမွမ်းလိုက်၏။
"ငါ့နာမည် ကျန့်ပေါင်ကျူး လိုမျိုးပဲ တောက်ပနေတယ်"
သူမဘေးမှာထိုင်နေတဲ့ ချွီကျစ်က သူ့မျက်လုံးတွေကို မသိမသာ လိမ့်လိုက်မိသည်။