အပိုင်း ( ၁၆-၂ )
နောက်နေ့မနက်မှာ ထန်ယောင်ရောက်လာသည်နှင့် ဧည့်ကြိုကောင်တာကို ကျန့်ပေါင်ကျူးအကြောင်း မေးရာတွင်လည်း အဖြေကအတူတူပင် - သူမ ဒီမှာမရှိဘူး။ ထန်ယောင် ဆွံ့အနေမိပြီး"သူဌေးက ဘာလို့များ ဘယ်တော့မှမလာတာလဲ"
ဧည့်ကြိုကောင်တာက ပြန်ဖြေ၏။
"သူမက သူဌေးမလို့လေ"
"....."
ဤယုတ္တိသည် အမှန်ပင် ငြင်းဆို၍မရပေ။
"သူမဘယ်သွားလဲသိလား"
ဧည့်ကြိုကောင်တာက ခေါင်းခါ၍
"မသိဘူး အိမ်ပြန်သွားတာဖြစ်မယ်"
ဒီကိုမရောက်လာခင်မှာ ထန်ယောင်သည် ကိစ္စတွေက ချောချောမွေ့မွေ့ မဖြစ်နိုင်ဘူးလို့ စဉ်းစားထားနှင့်ပြီးသား ၊ ကျန့်ပေါင်ကျူးက သူ့ကို အစပိုင်းတွင် ငြင်းပယ်နိုင်တယ်လို့လည်း စဉ်းစားထားပါသေးသည်။ သို့သော် နေ့ရောညပါ ကုန်လွန်သွားပြီးနောက်မှာတော့ သူက ကျန့်ပေါင်ကျူးကိုတောင် မမြင်နိုင်ဘူးလို့တော့ လုံးဝစိတ်ကူးမထားခဲ့ပေ။
ဟိုတယ်ကနေပြန်ရန် ဆုံးဖြတ်လိုက်ပြီး ဒီမှာစောင့်နေတာကို ရပ်လိုက်တော့မည်။
ကျန့်ပေါင်ကျူး ပြန်ရောက်လာတော့ မနက်ဆယ်နာရီကျော်နေပြီ ၊ သူမကိုတွေ့တော့ ရှောင်ယွီက ချက်ချင်းပြောလာ၏။
"မစ္စပေါင်ကျူး အရုပ်ကောက်စက်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ဟိုအမျိုးသား ထန်ယောင်က ဟိုတယ်မှာ အခန်းတစ်ခန်းကို တစ်လစာ ကြိုတင်စာရင်းပေးထားတယ် သူက ရှင်ဘယ်မှာနေလဲ စုံစမ်းနေတယ်"
ကျန့်ပေါင်ကျူးသည် ဝေကျန်းထံမှ ထိုအကြောင်းကို ကြားသိထားပြီးဖြစ်သော်လည်း သူမသည် မနေ့တစ်နေ့လုံး ရိုက်ကွင်းမှာရှိနေသောကြောင့် ၎င်းကို သိပ်ဂရုမစိုက်ခဲ့ပေ။ ယခုတွင် ရှောင်ယွီက ထပ်မံပြောဆိုလာပြီး နောက်ဆုံးတွင် သူမက ၎င်းကို အာရုံစိုက်ရန် အချိန်ရလာသည်။
"သူက ငါ့ဆီက ဘာလိုချင်တာလဲ? ဟိုတယ်အကြောင်း တိုင်ကြားချင်သေးတာလား"