Chapter - 14

374 22 0
                                    


အပိုင်း ( ၁၄ )

ကျန့်ပေါင်ကျူးသည် သူမ၏ထိုင်ခုံခါးပတ်ကို ပတ်ပြီးနောက် ချွီကျစ်ဟာ ကားတံခါးကိုဖွင့်ကာ သူမကို သတိမထားမိပါဘဲ ထိုင်ခုံခါးပတ်ကို အေးအေးဆေးဆေး ပတ်ထားသည်ကို တွေ့လိုက်ရသည်။ လူတစ်ယောက်က မျက်နှာထူနေသရွေ့တော့ မည်သည့်အဆင်မပြေမှုမှ ရှိလိမ့်မည်မဟုတ်။

ကျန့်ပေါင်ကျူး သူမဘာသာ ကျိတ်ရယ်ပြီး ကားမောင်းမထွက်မီ ထိုင်ခုံခါးပတ်ကို ချိန်ညှိလိုက်သည်။

ခရီးတလျှောက်လုံးတွင် ကျန့်ပေါင်ကျူးနှင့် ချွီကျစ်အကြား စကားစမြည်ပြောဆိုခြင်း မရှိသော်လည်း နောက်ခုံတွင်ထိုင်နေသော လျောင်ဟွေ့ဟွေ့သည်တော့ VIP အခန်းတွင်ထိုင်ကာ နာမည်ကြီးစုံတွဲတစ်တွဲကို မြင်တွေ့နေရသလိုပင် အလွန်စိတ်လှုပ်ရှားနေပါသည်။

Starlight ပန်းခြံသည် ပန်းမျိုးစုံနှင့် အထူးဗိသုကာလက်ရာများကို အကြီးစားစိုက်ပျိုးခြင်းကြောင့် ကျော်ကြား၏။ ပန်းဈေးသည် ပန်းခင်းများအနီးတွင် တည်ရှိပြီး ပန်းနှင့်အပင်များကို လာရောက်ဝယ်ယူကြသော ခရီးသွားများနှင့် ဒေသခံများကိုပါ ဆွဲဆောင်နိုင်သည်။

ကားပါကင်နေရာရှာရတာ မလွယ်ပေမဲ့လည်း ကျန့်ပေါင်ကျူးက ကားကိုရပ်ပြီးနောက် သူတို့သုံးယောက် အတူတူ ပန်းဈေးကို လျှောက်သွားကြသည်။ နွေဦးရာသီမဟုတ်သည့်တိုင် ပန်းဈေးမှာ အပင်လေးများမှ ယွမ်ထောင်ချီတန်သော အပင်ကြီးများအတွက် အမျိုးမျိုးသောအပင်များကို ရရှိနိုင်တုန်းပင်။ ချွီကျစ်သည် ဆိုင်တစ်ဆိုင်မှ အိုးစိုက်ပင် နှစ်အိုးကို ကောက်ယူလိုက်ပြီး ၊ ကျန့်ပေါင်ကျူးက သူတို့ကို တစ်ချက်ကြည့်လိုက်လျှင် - အမှန်ပင် ၎င်းတို့သည် လတ်ဆတ်ပြီး ကြည်နူးဖွယ်ကောင်းသော အမျိုးအစားဖြစ်သည်။

သူသည် ဤအိုးစိုက်ပင်အမျိုးအစားကို အထူးနှစ်သက်ပုံရ၏။

ဆိုင်ပိုင်ရှင်က အိုးနှစ်အိုးအတွက် ယွမ်ခုနစ်ဆယ် တောင်းလိုက်သော်လည်း လျောင်ဟွေ့ဟွေ့က ချက်ချင်းပဲ ကန့်ကွက်လာလေသည်။

"သူဌေး အိုးတစ်အိုးကို သုံးဆယ့်ငါးယွမ်နဲ့ ရောင်းရတာတင် အရမ်းဈေးကြီးနေပြီ ကျွန်မတို့ အိုးနှစ်အိုးအတွက် ယွမ်လေးဆယ်ပေးမယ်"

ငယ်သူငယ်ချင်းမှသည်... Where stories live. Discover now