မုန့်ယရှင်းသည် ဆွံ့အနေပြီး ကျန့်ပေါင်ကျူးနှင့်ချွီကျစ်တို့အကြား မဖြေရှင်းနိုင်သော အာဃာတအချို့ရှိနေသည်ဟု သံသယရှိသောကြောင့် သူတို့နှစ်ယောက် တွေ့လိုက်သည့်အချိန်တိုင်း ဤသည်ကြောင့် အချင်းချင်း မနေနိုင်ဘဲ ရန်ဖြစ်နေကြခြင်းဖြစ်မည်။
ကျန့်ပေါင်ကျူးသည် ချွီကျစ်ကို စိတ်ဆိုးအောင် လုပ်နိုင်သည့်အတွက် ကျေနပ်မိသည်။ သူမ၏ဖုန်းကိုထုတ်ကာ ရုပ်ရှင်နှင့်ရုပ်မြင်သံကြားမြို့တွင် သူမ၏အတွေ့အကြုံများကို မုန့်ယရှင်းနှင့်အတူ မျှဝေလေသည်။
"ဒီနေ့ ငါသွားကြည့်ခဲ့တဲ့ ထုတ်လုပ်ရေးရဲ့ဇာတ်ဆောင်က လင်ကျီချင်..."
ကျန့်ပေါင်ကျူးက သူမစကားမဆုံးခင်တွင် မုန့်ယရှင်းက ကြားဖြတ်ပြောလာသည်။
"ဘာ? ချင်းချန်?"
ကျန့်ပေါင်ကျူးက သူမကို အံ့အားသင့်စွာ စိုက်ကြည့်ရင်း
"နင်ရော အဲဒါကိုသိတာလား"
"သိတာပေါ့! ငါက လင်ကျီချင်ရဲ့ဖန်ပဲလေ!"
"....ဒါပေမဲ့ ငါက နင် ချီဝမ်ကိုကြိုက်တယ်လို့ ထင်နေတာ"
"ယောက်ျားတွေအများကြီးကို တချိန်တည်း သဘောကျတာ မဆန်းပါဘူး ဟုတ်တယ်မလား?"
"......"
ဟုတ်ပါပြီလေ ၊ ကျန့်ပေါင်ကျူးက သူမ လင်ကျီချင်နှင့်ရိုက်ထားသောဓာတ်ပုံကို ဖွင့်ပြလျက်"ငါနဲ့လင်ကျီချင်ရဲ့ ဒီဓာတ်ပုံကို တစ်ချက်ကြည့်ကြည့်လိုက်"
"!"
မုန့်ယရှင်းက အမြန်ထရပ်လိုက်ပြီး
"ဝိုး နင် ရိုက်ကွင်းကိုသွားတဲ့အခါ ဒီလိုအကျိုးခံစားခွင့်တွေရှိတယ်ပေါ့!"
"ဟား ဟား...."
ကျန့်ပေါင်ကျူးက ဂုဏ်ယူစွာ ရယ်မောလိုက်သည်။
"လင်ကျီချင်က တကယ်ချောတာပဲ နင်လဲ ဒီဝတ်စုံနဲ့ ကြည့်ကောင်းတာပဲ"
မုန့်ယရှင်းက သူမကိုယ်ပိုင်ဖုန်းကို ထုတ်လိုက်ပြီး ကျန့်ပေါင်ကျူးကို ပြော၏။