Chapter - 20

287 23 0
                                    


အပိုင်း ( ၂၀ )

ကျန့်ပေါင်ကျူးသည် နေ့လည်ပိုင်းတွင် ဟိုတယ်သို့ပြန်လာခဲ့သော်လည်း ထိုအချိန်တွင် ဟိုတယ်မီးဖိုချောင်ဝန်ထမ်းများသည် ၎င်းတို့၏အဆိုင်းမပြီးသေးသောကြောင့် ထိုအချိန်က မီးဖိုချောင်ထဲသို့ တန်းမဝင်ဝံ့ခဲ့ပေ။ ညစာအချိန်ပြီးသည့်နောက်မှသာ စားဖိုမှူးများက တာဝန်ချိန်ပြီးသွားသောကြောင့် နောက်ဆုံးတွင် ကျန့်ပေါင်ကျူးသည် မီးဖိုချောင်ကို သိမ်းပိုက်နိုင်ခဲ့သည်။

ဤအချိန်မှာ သူမဟာ လူတိုင်းအတွက် ညလယ်စာကိုပဲ ပြက်ဆင်ပေးနိုင်တော့သည်။ သူမ၏အခန်းတွင် မီးဖိုချောင်ရှိသော်လည်း ၎င်းသည် ဟိုတယ်မီးဖိုချောင်ကဲ့သို့ ကျယ်ဝန်းပြီး ကောင်းမွန်စွာ တပ်ဆင်ထားခြင်း မရှိသည့်အပြင် တူညီသောပါဝင်ပစ္စည်းများလည်း မရှိပေ။ ထို့ကြောင့် ဟိုတယ်၏ ကြီးမားသောမီးဖိုချောင်တွင် သူမ၏ အချက်အပြုတ်ကျွမ်းကျင်မှုကို ပြသရန်သာ သဘောကျပေသည်။

ချွီကျစ်ဝင်လာသောအခါ ကျန့်ပေါင်ကျူးသည် အဆင်သင့်ဖြစ်ရန် ဝက်သားကင်ကို စောင့်နေသည်။ ကင်နေသည့်အနံ့ဟာ အလွန်စွဲမက်ဖွယ်ဖြစ်နေပြီး အနံ့တစ်မျိုးတည်းကပင် ခံတွင်းတွေ့စေ၏။

ကျန့်ပေါင်ကျူး တစ်ယောက်ယောက်ဝင်လာသည်ကို ကြားလိုက်သဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။ နှစ်ယောက်စလုံး မတ်တပ်ရပ်နေကာ တိတ်တဆိတ် အကြည့်ချင်းဆုံသွားကြ၏။

လေထုက အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသဖြင့် ကျန့်ပေါင်ကျူးက မေးသည်။

"ရှင် ဘာလို့ ဒီကိုရောက်နေတာလဲ? ကျွန်မရဲ့ကင်နေတဲ့အနံ့က ရှင့်အခန်းထဲထိ ရောက်လာတာလား?"

ချွီကျစ်သည် သူ့လည်ချောင်းကိုရှင်း၍ ထိုနေရာမှာပဲ ရပ်နေပြီး

"ကိုယ်ပြန်လာတော့ ဧည့်ကြိုကောင်တာက မင်း ညလယ်စာတွေ အများကြီးလုပ်ထားတယ်လို့ ကိုယ့်ကိုပြောလို့လေ.. မလွှင့်ပစ်ရအောင်လို့ ကိုယ့်ကို ကူစားခိုင်းလိုက်လို့"

ကျန့်ပေါင်ကျူး : "....."

ဧည့်ကြိုကောင်တာက ဝန်ထမ်းတွေကလည်း သူမအစားအစာတွေကို ဖြတ်ဖို့ တခြားသူကို ဘာလို့မပို့တာလဲ? ဘာလို့ချွီကျစ်လဲ? ဟမ့် သူတို့က CP အတွက်လုပ်နေတာ သိသာနေတာပဲ!

ဓာတုဗေဒ ( chemistry ) ဒါမှမဟုတ် အခြေခံယုတ္တိမရှိတဲ့ စုံတွဲတွေကို လူတွေက ဘာလို့ရှစ်နေကြမှန်း သူမ နားမလည်နိုင်ဘူး ၊ အဲဒါနဲ့ပတ်သက်ပြီး သူတို့က တကယ် ခွဲခြားဆက်ဆံတာလား?

ငယ်သူငယ်ချင်းမှသည်... Where stories live. Discover now