Chapter - 26

217 22 2
                                    


အပိုင်း ( ၂၆ )

ဟော့ပေါ့စားပြီးနောက် အားလုံးက ဘေးနားက KTV ကို သွားကြသည်။ ဤကဲ့သို့ ဆူညံသော စုဝေးပွဲများကို ဘယ်တော့မှမကြိုက်ခဲ့သော ချွီကျစ်ပင်လျှင် သူတို့နှင့်အတူ လျှောက်လာခဲ့လေသည်။ ကျန့်ပေါင်ကျူးက ချွီကျစ်ကို ကြည့်လိုက်ပြီး မေး၏။

"ရှင် မနက်ဖြန် အလုပ်မလုပ်ဘူးလား? ဒီည သီချင်းဆိုနေသေးတာလား"

ရှေ့ကလျှောက်နေသော လျောင်ဟွေ့ဟွေ့သည် စကားပြောသံကိုကြားတော့ လှည့်ကြည့်လာပြီး

"မနက်ဖြန် အလုပ်လုပ်ရမယ်ဆိုတော့ ကျွန်မတို့တွေ ညဆယ့်တစ်နာရီအထိပဲ သီချင်းဆိုကြမယ်!"

ဟိုတယ်သည် ဝန်ဆောင်မှုလုပ်ငန်းနှင့် သက်ဆိုင်သောကြောင့် ပိတ်ရက်မရှိပေ။ မနက်ဖြန်တွင် သူမက နေ့ဆိုင်းဆင်းရမှာဖြစ်လို့ အပြင်မှာ အရမ်းနောက်ကျသည်အထိနေရန် မစီစဉ်ထားပေ။

ဤသည်ကိုကြားတော့ ကျန့်ပေါင်ကျူးက တခြားဘာမှပြောမလာတော့ ၊ လျောင်ဟွေ့ဟွေ့က ကျယ်ဝန်းသော သီးသန့်အခန်းကို ကြိုတင်မှာယူထားသည်။ သူတို့ဝင်လာသည်နှင့် သူတို့က သစ်သီးပန်းကန်နှင့် ဘီယာပုလင်းအနည်းငယ် စီစဉ်ပေး၏။ ရှောင်ယွီ အခန်းထဲဝင်လာပြီးနောက် သူမနှင့် လျောင်ဟွေ့ဟွေ့တို့သည် သီချင်းရွေးနေကြပြီး ကျန့်ပေါင်ကျူးနှင့် ချွီကျစ်ကို ရံဖန်ရံခါ စိုက်ကြည့်နေရင်း တိုးတိုးလေးပြောနေကြသည်။

ကျန့်ပေါင်ကျူး : "....."

မည်သို့ပင်ဆိုစေကာမူ သူတို့အတွက် အတွဲလိုက်ဆိုရန် မဖြစ်နိုင်ပေ။

ရှောင်ယွီနှင့် လျောင်ဟွေ့ဟွေ့တို့၏ သီချင်းဆိုသံနှင့်အတူ သီးသန့်ခန်းရှိ လေထုသည် လျင်မြန်စွာ ပူနွေးလာသည်။ ယခင်က ရှောင်ယွီကို ထိုသို့သောစုဝေးပွဲများတွင် ကာရာအိုကေဘုရင်မအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ၊ ယနေ့တွင် လျောင်ဟွေ့ဟွေ့က ပို၍ပင် စိတ်အားထက်သန်စွာ သီဆိုနေပြီး သီချင်းများစွာအတွက် ရှောင်ယွီကိုပင် ကျော်တက်သွားသည်။

"ဟွေ့ဟွေ့ နင်တစ်ယောက်တည်း သီချင်းဆိုနေလို့မရဘူး.. တခြားသူတွေရဲ့သီချင်းတွေကို ဖြတ်နေတာပဲ"

ငယ်သူငယ်ချင်းမှသည်... Where stories live. Discover now