Chapter - 27

218 24 0
                                    


အပိုင်း ( ၂၇ )


တစ်ယောက်ယောက်က လျောင်ဟွေ့ဟွေ့ကို ရှာနေသည်ကိုကြားတော့ ရှောင်ယွီဟာ သတိရှိလာပါသည်။ ဒီလူလတ်ပိုင်းဇနီးမောင်နှံဟာ အဲဒီလူယုတ်မာ လီရိဖန်လွှတ်လိုက်တဲ့ စစ်ကူတွေများဖြစ်နေမလား?

သူမမျက်နှာမှာ အပြုံးမပျက် ထိန်းထားရင်း

"ရှင်တို့ကဘယ်သူတွေလဲလို့ မေးပါရစေ"

"ငါတို့က သူမရဲ့မိဘတွေပဲ"

ရှောင်ယွီသည် တခဏလောက် ထိတ်လန့်သွားပြီး သူတို့ကို အပေါ်အောက် စုံဆန်ကြည့်၍ ပြုံးရင်းဖြင့်

"ကျေးဇူးပြုပြီး ဒီမှာထိုင်ပါ ဦးလေးနဲ့ အန်တီ စစ်ဆေးကြည့်ပေးပါရစေ"

လျောင်ဟွေ့ဟွေ့၏မိဘများကို နားနေခန်းရှိ ဆိုဖာသို့ ခေါ်ဆောင်သွားပြီး သံပုရာရည်ကိုလည်း ယူဆောင်လာခဲ့သည်။ ဧည့်ကြိုကောင်တာသို့ ပြန်ရောက်သောအခါ သူမက လျောင်ဟွေ့ဟွေ့ကို လာကြည့်ရန် မက်ဆေ့ချ်ပို့လိုက်သည်။

ချီရှန်းသည် အပြင်မှ ဟိုတယ်ထဲသို့ လျှောက်ဝင်လာရင်း အနားယူသည့်နေရာရှိ စုံတွဲကို လှမ်းကြည့်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ဧည့်ကြိုကောင်တာသို့ လျှောက်သွားကာ

"ငါက စက်ရုပ်နဲ့ပတ်သက်ပြီး သုံးစွဲသူနောက်ဆက်တွဲ လုပ်ဖို့အတွက် ဒီကိုရောက်နေတာ"

ချီရှန်းသည် ယနေ့တွင် ၎င်းတို့နှင့် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားသည်။ ရှောင်ယွီက သူလာမယ်ဆိုတာကို သိပေမဲ့လည်း မအံ့ဩမိဘဲမနေနိုင်။

"မစ္စတာချီ ဒီလောက်အစောကြီး အလုပ်စလုပ်တော့မလို့လား"

"ဟုတ်တယ် နောက်ဆက်တွဲလုပ်ပြီးရင် ငါ အလုပ်လုပ်ဖို့ ဓာတ်ခွဲခန်းကို ပြန်သွားရမယ်"

ယနေ့၏ နောက်ဆက်တွဲအလုပ်မှာ အဓိကအားဖြင့် သုံးစွဲသူများ၏ အသုံးပြုမှုကို နားလည်ရန်နှင့် ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်အတွက် ပြဿနာများ သို့မဟုတ် အကြံပြုချက်များ ရှိမရှိကို ကြည့်ရှုရန်ဖြစ်သည်။ အကယ်၍ စက်ရုပ်များတွင် ပြဿနာတစ်စုံတစ်ရာရှိခဲ့ပါက၊ ၎င်းတို့သည် သုံးစွဲသူများအတွက် နေရာတွင်ပင် ချိန်ညှိမှုများ ပြုလုပ်နိုင်သည်။ ချီရှန်းအနေနှင့် ၎င်းတို့သည် လုပ်ငန်းနယ်ပယ်တွင် အကောင်းဆုံးဖြစ်ကြောင်းနှင့် သုံးစွဲသူများက ၎င်းတို့၏စက်ရုပ်များကို ဝယ်ယူရာတွင် မမှားနိုင်ဟု ထင်မြင်ပါသည်။

ငယ်သူငယ်ချင်းမှသည်... Where stories live. Discover now