အပိုင်း ( ၁၈ )ချွီကျစ်သာ ဘာမှမပြောခဲ့ရင် ကျန့်ပေါင်ကျူးဟာ ထန်ယောင်ထံမှ မက်ဆေ့ချ်အတန်းလိုက်ကြီးကို သတိထားမိမှာတောင်မဟုတ် ၊ ထို့အပြင် သူမသည် မက်ဆေ့ချ်တွင် ထူးထူးခြားခြား တစ်စုံတစ်ရာ မတွေ့ခဲ့ရပေ။
"အိုး"
ထန်ယောင်ပို့လိုက်တဲ့ မက်ဆေ့ချ်မှတ်တမ်းကို ပြီးအောင်ဖတ်ပြီး သူ့ကို စာပြန်လိုက်သည်။
ကျန့်ပေါင်ကျူး : [ ရုပ်ရှင်ကြည့်ဖို့ကတော့ မဖြစ်နိုင်ဘူး ဒါပေမဲ့ ညစာစားလို့ရပါတယ် ကျွန်မတို့စားသောက်ဆိုင်မှာပဲ စားရအောင်လေ ကျွန်မကျွေးမယ် ]
စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသော ထန်ယောင် : "....."
ရုပ်ရှင်မကြည့်ရတာ အဆင်ပြေပေမဲ့လည်း သူမရဲ့စားသောက်ဆိုင်မှာ ညစာစားတာက အငွေ့အသက်ကောင်းကောင်းလေး မရှိဘူးလေ!
ထန်ယောင် : [ မင်း နေ့တိုင်း ဘာတွေအလုပ်ရှုပ်နေတာလဲ? ငါ မင်းကို ဟိုတယ်မှာ သိပ်မတွေ့ဘူး ]
ကျန့်ပေါင်ကျူး : [ အပိုစီးပွါးရေးလုပ်နေတာ ]
"....."
ထန်ယောင်သည် သူမအား ဤမျှလောက် ရည်မှန်းချက်ကြီးမည်ဟု မမျှော်လင့်ထားပေ ၊ သူမ၏အသက်အရွယ်တွင် ဟိုတယ်တစ်လုံးပိုင်ဆိုင်ခြင်းက အသက်အရွယ်တူ လူများစွာ၏စွမ်းဆောင်ရည်ကို ကျော်လွန်နေပြီဖြစ်သည်။
ထန်ယောင် : [ ဘယ်လို အပိုစီးပွါးရေးမျိုးလဲ ]
ကျန့်ပေါင်ကျူး : [ ကျွန်မ အောင်မြင်တဲ့အခါ ရှင် အလိုလိုသိလာလိမ့်မယ် ]
ထန်ယောင် : [ ...သိပ်ဆန်းကြယ်တာပဲ ]
ကျန့်ပေါင်ကျူး : [ ဟူး ကျွန်မ ကျရှုံးသွားရင် အရမ်းရှက်စရာကောင်းလိမ့်မယ် ဒါပေမဲ့ ကျွန်မအောင်မြင်သွားရင်တော့ အဲဒါကို ကျွန်မရဲ့ အဓိကစီးပွါးရေး လုပ်မယ် ]
ကျန့်ပေါင်ကျူး : [ ရှင် ဘယ်အချိန်အားလဲ? ကျွန်မ ရှင့်ကို ထမင်းကျွေးမယ်လေ ]
ထန်ယောင် : [ မင်းက ငါ့ထက် ပိုပြီးအလုပ်ရှုပ်တယ်လို့ ထင်တာပဲ မင်းရဲ့အချိန်ဇယားအတိုင်းပဲပေါ့ ]