အပိုင်း ( ၃၂ )ချွီကျစ်သည် ကျန့်ပေါင်ကျူးကို အဓိကအားဖြင့် အနက်ရောင်၊ အဖြူရောင်နှင့် မီးခိုးရောင်တို့ဖြင့် ပြုပြင်မွမ်းမံထားသော ငြီးငွေ့ဖွယ်ကောင်းသော ပုံများကို ပြသခဲ့ပြီး ၊ ယင်းတို့မှာ အေးစက်စက်နှင့် ခပ်အုပ်အုပ်အခြေအနေကို ပေးဆောင်လျက်ရှိသည်။ သို့သော်လည်း ချွီကျစ်က အပင်စိမ်းစိမ်းလေးများကို နှစ်သက်သောကြောင့် အခန်းတစ်ခုလုံးကို မှုန်မှိုင်းခြင်းမှကာကွယ်ရန် ဒီဇိုင်နာသည် အစိမ်းရောင်သစ်ပင်အချို့ကို ထည့်သွင်းခဲ့သည်။
ကျယ်ဝန်းသောမြေညီထပ်၏ အဓိကဆွဲဆောင်မှုမှာ အတားအဆီးမရှိ ကြီးမားသောဧည့်ခန်းဖြစ်ပြီး ၊ ဒါပေါ့ အလွန်ကျယ်ဝန်းသော လသာဆောင်လည်း အပါအဝင်။ ကျန့်ပေါင်ကျူးသည် လွတ်လွတ်လပ်လပ် လှဲလျောင်းကာ လှည့်ပတ်နိုင်သည့် လသာဆောင်ကို စွဲလမ်းနေခဲ့သည်။ ချွီကျစ်က သူ၏အပင်စိမ်းစိမ်းလေးများကို ပြုစုပျိုးထောင်ရန်အတွက် အသေးစားပန်းဥယျာဉ်လေးတစ်ခု ဖန်တီးထားခြင်းအားဖြင့် ဒီဇိုင်နာက လသာဆောင်ကို အထူးအာရုံစိုက်ထားသည်မှာ ထင်ရှားပါပေသည်။
အပင်စိမ်းစိမ်းလေးများ၏ ရင်ခွင်ထဲတွင် ဒီဇိုင်နာသည် ကြိမ်ကြိုးဆွဲကုလားထိုင်၊ ကော်ဖီစားပွဲလေးတစ်ခုနှင့် ထိုင်ခုံနှစ်လုံးကို ထားရှိကာ စာဖတ်ရန်နှင့် လက်ဖက်ရည်သောက်ရန် သက်သောင့်သက်သာနေရာတစ်ခုကို ဖန်တီးပေးထားသည်။
စာကြည့်ခန်း၊ မာစတာအိပ်ခန်းနှင့် ဧည့်သည့်ခန်းအားလုံးကို ပထမထပ်တွင် စီစဉ်ပေးထားသည်။ ဒုတိယထပ်တွင် သူတို့သည် လေ့ကျင့်ခန်းပြီးနောက် အနားယူရန်နှင့် ရှုခင်းများကို ခံစားရန်အတွက် ဘေးတွင် မှန်ခန်းပါသည့် အားကစားခန်းမကို ဒီဇိုင်းဆွဲထားသည်။"ဒါကို ခြုံငုံကြည့်ရင် တော်တော်လေး အဆင်ပြေတယ်"
ကျန့်ပေါင်ကျူးသည် တက်ဘလက်ပေါ်ရှိ သူမ၏လက်ချောင်းထိပ်များကို ညင်သာစွာ လိုက်၍ စူးစမ်းချင်စိတ်ဖြင့်
"ဒါပေမဲ့ ရှင့်မှာ ကိုယ်ပိုင် gym ရှိမယ်လို့တော့ ကျွန်မ မမျှော်လင့်ထားဘူး ရှင်လည်း လေ့ကျင့်ခန်းလုပ်နေတာလား"