Chapter-9

392 41 2
                                    



ယနေ့ရိုက်ကူးမည့်အခန်းသည် ချင်းချန်မှ အမတဂိုဏ်းများနှင့် ဂုဏ်သိက္ခာရှိသော မိသားစုများကို စုစည်းထားသည့် ခမ်းနားသောမြင်ကွင်းတစ်ခုဖြစ်သည်။ ဤသည်မှာ ဂိုဏ်းတစ်ခုစီမှ တပည့်များကို သရုပ်ဖော်ရန်အတွက် ဖြတ်လျှောက်များစွာ လိုအပ်လာရခြင်း ဖြစ်သည်။

ကျန့်ပေါင်ကျူးသည် Taoist ဓားသိုင်းကို လက်ခံရရှိပြီး ဝမ်ကျင်းယိနှင့်အတူ သတ်မှတ်ထားသော အနေအထားတွင် ရပ်နေခဲ့သည်။ ဒါရိုက်တာက ဇာတ်ကွက်ကို ယခုလေးတင် သူတို့အား ရှင်းပြထား၏။ ယနေ့တွင် ဂိုဏ်းပေါင်းစုံမှ တပည့်များသည် အမျိုးသားဇာတ်ဆောင်၏ အိမ်တံခါးဝတွင် စုဝေးကြပြီး မကောင်းဆိုးဝါးကျင့်စဉ် နတ်ဆိုး၏အခန်းကဏ္ဍကို သရုပ်ဆောင်ခိုင်းသည့် ဇာတ်ကွက်ကို ရိုက်ကူးခဲ့ကြသည်။ အမျိုးသားဇာတ်ဆောင်က ငြင်းပယ်လိုက်လျှင် သူတို့က ဝင်တိုက်ဖို့ ကြံစည်ထားကြ၏။

"ဒါက မင်ညီလာခံမှာ အဓိက ဂိုဏ်းခြောက်ခုရဲ့ ဝိုင်းထားမှုပဲ"

ကျန့်ပေါင်ကျူးက သူမဘေးမှ ဝမ်ကျင်းယိအား တိုးတိုးလေးပြောလိုက်သည်။ ဝမ်ကျင်းယိက လင်ကျီချင်၏ဦးတည်ရာသို့ စိုက်ကြည့်နေသည်။ ဒါရိုက်တာက အဓိကသရုပ်ဆောင်များနှင့် ဇာတ်ကွက်ကို ဆွေးနွေးနေတုန်းပဲ။

"ဟိုမှာ ရှေးခေတ်ဝတ်စုံဝတ်ထားတဲ့ မင်းသားကို မြင်လား? သူက နာမည်ကြီး စတန့်သမားတစ်ယောက်.. သူက ပြီးရင် လင်ကျီချင်နဲ့ရန်ဖြစ်တဲ့အခန်း ရိုက်ရလိမ့်မယ်"

"အိုး"

ကျန့်ပေါင်ကျူး ခေါင်းညိတ်သည်။ ထိုမင်းသား၏ ရုပ်ရည်သည် အထူးတလည် ချောမောခြင်းမရှိသော်လည်း ဇာတ်ကောင်အတွက် ရွေးချယ်ခံရကတည်းက ကျွမ်းကျင်ရပေမည်။

"အာ ငါ တကယ် စတန့်သမားဖြစ်ချင်တာ ဒါဆိုရင် ငါ လင်ကျီချင်နဲ့ ရန်ဖြစ်တဲ့အခန်း ရိုက်ရဖို့ အခွင့်အရေးရလိမ့်မယ်"

"နင်က ဘယ်လိုလုပ် စတန့်သမားဖြစ်လာနိုင်မှာလဲ"

"ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော်မှာ ဖြတ်လျှောက်အဖြစ် တစ်လ နှစ်လလောက် လည်ပတ်ပြီးတော့ နင် စတန့်မန်းစာမေးပွဲအတွက် စာရင်းသွင်းနိုင်တယ် အဓိက၊ အလယ်အလတ်နဲ့ အသေးစားစတန့်တွေအတွက် လိုအပ်ချက်တွေ အမျိုးမျိုးရှိတယ် ငါ ပြီးခဲ့တဲ့အပတ်က စာမေးပွဲဖြေခဲ့တယ် ဒါပေမဲ့ မအောင်ခဲ့ဘူးလေ ဟူး"

ငယ်သူငယ်ချင်းမှသည်... Where stories live. Discover now