Chapter - 31

171 21 0
                                    


အပိုင်း ( ၃၁ )


ချွီကျစ်၏မေးခွန်းကြောင့် ကျန့်ပေါင်ကျူး အံ့အားသင့်သွားခဲ့သည်။ မင်း ဘာလို့ ဒီလောက်ယောက်ျားတွေအများကြီး အပ်ထားရတာလဲ?

ဒါက ဘယ်လိုပဲဖြစ်ဖြစ် သူ့အလုပ်မှမဟုတ်တာ!

ကျန့်ပေါင်ကျူး : [ ကျွန်မက ယောက်ျားတွေအများကြီး အပ်ထားတာမဟုတ်ဘူး ကျွန်မကိုအပ်ချင်တဲ့ ယောက်ျားတွေအများကြီးက အမြဲတမ်းရှိနေတာပဲလေ.. ဟူး ကျွန်မရဲ့ဒုက္ခတွေကို ရှင်နားမလည်ပါဘူး ]

ချွီကျစ် : .....

ထင်ပေါ်အောင်ကြွားဝါနေတာပဲ!

ကျန့်ပေါင်ကျူး : [ ဒါပေမဲ့ မကြာသေးခင်က ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော်မှာ ချစ်စရာကောင်းတဲ့ ကောင်ငယ်လေးတွေကို ကျွန်မတွေ့ခဲ့တယ်.. သူတို့က ရုပ်ချောပြီး ပျော်စရာကောင်းတယ် အနာဂတ်မှာ ကျွန်မနာမည်ကြီးလာတဲ့အခါ ဖျော်ဖြေရေးနယ်ပယ်မှာ ပိုချောတဲ့ ယောက်ျားလေးတွေနဲ့လည်း ရင်းနှီးလာမှာ ]

ချွီကျစ် : [ ဒါက မင်း ဖျော်ဖြေရေးနယ်ပယ်ထဲကို ဝင်ချင်တဲ့အကြောင်းပြချက်လား ]

ကျန့်ပေါင်ကျူး : [ ဘယ်သူက ကောင်ချောလေးတွေကို သဘောမကျလို့လဲ ]

"....."

ချွီကျစ်သည် သူ့ဖုန်းကို ဘေးသို့ပစ်ချလိုက်ပြီး သူမကို အနှောင့်အယှက်ဖြစ်စေရန် ပျင်းရိလွန်းနေသဖြင့် ရေသွားချိုးလိုက်တော့သည်။

ရေချိုးခန်းထဲတွင် ရေငွေ့ကြောင့် မှန်ကို အခိုးအငွေ့များဖြင့် ဖုံးအုပ်ထားလျက်ရှိသည်။ ချွီကျစ်က ရေပန်းခေါင်းအောက်တွင် ရပ်နေပြီး ဆံပင်တိုတိုကို နောက်သို့လှန်လိုက်ကာ ခေါင်းကို နောက်သို့လှည့်လိုက်သည်။ မှန်ပေါ်မှ အမှုန်အမွှားများကို ရှင်းလင်းရန် လက်ကို မြှောက်လိုက်၏။

သူ၏အဝတ်မဲ့နေသော အပေါ်ပိုင်းသည် မှန်ထဲတွင် ပေါ်လာသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ရှင်းလင်းပြတ်သားသော ဝမ်းဗိုက်နှင့်ခါးကို မှန်ထဲတွင် ရှင်းရှင်းလင်းလင်း မြင်ရသည်။

ချွီကျစ်သည် အမြဲတမ်း စည်းကမ်းရှိသူတစ်ဦးဖြစ်ပြီး အလုပ်များရှုပ်နေသော်လည်း မိမိကိုယ်ကို စီမံခန့်ခွဲခြင်းကို အာရုံစိုက်နေဆဲဖြစ်သည်။ အေးစက်စက် ရေစက်များက သူ့လည်ပင်းမှစီးကျလာပြီး မှန်ထဲက သူ့ပုံရိပ်ကိုစိုက်ကြည့်ရင်း ဓာတ်ပုံရိုက်ရမလားလို့ စဉ်းစားနေမိ၏။

ငယ်သူငယ်ချင်းမှသည်... Where stories live. Discover now