အပိုင်း ( ၃၆ )ဆရာကော၏နေရာမှ ပြန်လာပြီးနောက် ကျန့်ပေါင်ကျူးသည် သူမ၏ယနေ့တင်ဆက်မှုကို ပြန်လည်သုံးသပ်ပြီး သူမ၏အတွေးအမြင်များကို စုစည်းခဲ့သည်။ သူမက ဆရာကောနှင့် အတန်းကို အကြိမ်ပေါင်းများစွာ တက်ရောက်ခဲ့ပြီး အကြိမ်တိုင်းတွင် သူမအနေနှင့် အသိအမြင်သစ်များ ရရှိသည်ဟု ခံစားရပါသည်။
ဒါပေါ့ ဆရာကော၏ လိုအပ်ချက်တစ်ခုဖြစ်သည့် အခြေခံအရည်အချင်း လေ့ကျင့်မှုကို သူမ လျစ်လျူမရှုထားပါ ၊ ကျန့်ပေါင်ကျူးသည် နေ့စဉ်နေ့တိုင်း နှစ်နာရီကြာ စာသားများနှင့် ကိုယ်ဟန်အနေအထားများကို လေ့ကျင့်သည်။ ဤသည်မှာ သရုပ်ဆောင်တိုင်းအတွက် အမျှတဆုံးအရာ ဖြစ်ကောင်းဖြစ်နိုင်၏။ အကြောင်းမှာ တစ်စုံတစ်ဦးသည် မည်မျှပင် အရည်အချင်းရှိစေကာမူ အခြေခံအရည်အချင်းများကို အချိန်နှင့်အမျှ တသမတ်တည်း လေ့ကျင့်ခြင်းဖြင့်သာ သွေးနိုင်ပေမည်။ အကြောင်းပြချက်မရှိဘဲ တိုးတက်နေမှာမဟုတ်။
သူမ လေ့ကျင့်နေစဉ်တွင် မုန့်ယရှင်းက သူမကို ဖုန်းခေါ်လာသည်။ ကျန့်ပေါင်ကျူးက သူမသုံးသောလေသံနှင့် ဟန်ပန်ကို ထိန်းကာ
"နင်ပဲဖြစ်ပြန်ပြီ ငါ့ရဲ့ကံမကောင်းတဲ့ကြယ်ပွင့်လေး.. ဒီနေ့ရော နင် ငါ့ဆီက ဘာလိုချင်ပြန်ပြီလဲ? ငါ့အကူအညီ ထပ်လိုသေးတာလား"
မုန့်ယရှင်း : "....."
"နင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ် ငါ နံပါတ်မှားပြီး ခေါ်လိုက်ပုံရတယ်"
မုန့်ယရှင်း ပြောဆိုပြီး ဖုန်းချလိုက်သည်။ ကျန့်ပေါင်ကျူး ဖုန်းကိုချပြီး နှစ်စက္ကန့်လောက်စောင့်ပြီးနောက် မုန့်ယရှင်းရဲ့ဖုန်းဝင်လာပြန်ပါ၏။
ကျန့်ပေါင်ကျူး စခရင်ကို နှိပ်လိုက်သည်နှင့် မုန့်ယရှင်း၏အသံသည် စပီကာမှတဆင့် ထွက်ပေါ်လာပြီး
"ငါ နှစ်ခေါက်စစ်ဆေးပြီးပြီ နံပါတ်မှားပြီး မခေါ်မိပါဘူး နင့်ရဲ့ဦးနှောက်က ဖောက်နေတာပဲဖြစ်ရမယ်"
"....."
ကျန့်ပေါင်ကျူးက လည်ချောင်းရှင်း၍