အပိုင်း ( ၁၅ )
ဝေကျန်းသည် ဟိုတယ်ဖွင့်ပြီးနောက် အလုပ်ခန့်အပ်ခဲ့သော ပထမဆုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး ကျန့်ပေါင်ကျူးကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့သည့် စီမံခန့်ခွဲမှုစွမ်းရည်တစ်ခုလည်း ဖြစ်ပါသည်။ သူမမှာ ဟိုတယ်ကိုစီမံခန့်ခွဲပေးရန် ဝေကျန်းကဲ့သို့ စွမ်းဆောင်ရည်ရှိသော လက်ထောက်တစ်ဦးရှိတာကြောင့် ကျန့်ပေါင်ကျူးဟာ စိတ်အေးလက်အေးဖြင့် သူမရဲ့အိပ်မက်တွေကို ဖျော်ဖြေရေးနယ်ပယ်မှာ လျှောက်လှမ်းနိုင်သည်ပင်။ဟိုတယ်တွေမှာ ဖောက်သည်တွေရဲ့ တိုင်ကြားချက်တွေကို လက်ခံရရှိတာက အဆန်းမဟုတ်ပေမဲ့လည်း အရုပ်ကောက်စက်က အရုပ်ကို မကောက်နိုင်လို့ တိုင်ကြားချက်တစ်ခု ပေါ်ပေါက်လာတာကြောင့် ၊ ကျန့်ပေါင်ကျူးသည် ဒီလူကြီးလူကောင်းက ဘယ်သူလဲဆိုတာ သိချင်စိတ်ပြင်းပြနေပြီး သူက ဘာလို့ ဒါနဲ့ပတ်သတ်ပြီး အရမ်းအသည်းအသန်းဖြစ်နေရသနည်း?
အရုပ်ကောက်စက်ရှေ့နားက ဧည့်ခန်းထဲမှာ မတ်တပ်ရပ်နေသော လူငယ်နှစ်ယောက်ရှိသည်။ အဲဒီအမျိုးသားက အနက်ရောင်သိုးမွေးအင်္ကျီကို ၀တ်ဆင်ထားပြီး ၊ အညိုရောင်ဆံပင်ခပ်တိုတိုဖြင့် ချောမောတဲ့ ခံစားချက်ကို ပေးစွမ်း၏။ သူ့ဘေးက တစ်ယောက်က ငယ်ပုံပေါက်သည်။ ဘွဲ့မရသေးတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်လို လိုက်ဖက်တဲ့ ၀တ်စုံကို ၀တ်ဆင်ထားသည်။
ကျန့်ပေါင်ကျူး၏မျက်လုံးများသည် လူနှစ်ယောက်ကို အသာအယာကြည့်၍ အပြုံးဖြင့် ထိုလူဆီသို့ လျှောက်သွားကာ
"လူကြီးမင်း ရှင်တို့က ကျွန်မတို့ကို တိုင်ကြားချင်တဲ့သူလား"
ထိုလူက ခေါင်းကို အနည်းငယ်စောင်း၍ မမေးလာမီ သူမကို အပေါ်အောက် ငုံ့ကြည့်ကာ
"ဒါဆို မင်းက ဘယ်သူလဲ"
"ကျွန်မက ဒီကပိုင်ရှင်ပါ ရှင့်မှာ မေးစရာတွေရှိရင် ကျွန်မကို ပြောလို့ရတယ်"
"ပိုင်ရှင်လား?"
အမျိုးသားသည် ပိုင်ရှင်က နုပျိုပြီး ချောမောလှပတဲ့ အမျိုးသမီးဖြစ်တာကြောင့် အံ့ဩသွားပုံရသည်။ ခဏတာ အံ့အားသင့်သွားပြီး သူ့နောက်က အရုပ်ကောက်စက်ကို လက်ညှိုးထိုးပြလျက်