Chapter-7

443 38 0
                                    




မုန့်ယရှင်းက ထိုစကားများကို ပြောပြီးသည်နှင့် စားပွဲသည် တိတ်ဆိတ်သွားသည်။ ကျန့်ပေါင်ကျူးက သူမမျက်နှာကို အတင်းပြုံးပြပြီး

"ဟား ဟား ဟား မုန့်ယရှင်း အရမ်းမူးနေပြီပဲဖြစ်မယ် သူမစကားကို နားမထောင်ကြနဲ့"

မုန့်ယရှင်းက စိတ်မချမ်းသာစွာဖြင့် မျက်မှောင်ကြုတ်ကာ

"ငါမမူးဘူး ငါသောက်နိုင်သေးတယ်!"

"......"

ကျန့်ပေါင်ကျူးက စားစရာတစ်ပိုင်းကို ကောက်ယူပြီး မုန့်ယရှင်းပါးစပ်ထဲကို ထည့်လိုက်သည်။

မုန့်ယရှင်းက နှစ်ကြိမ် တီးတိုးပြောလိုက်ပေမဲ့လည်း စားစရာက အရသာရှိတာကို သိသွားသဖြင့် သူမဘာသာ ထပ်ယူရန် တူချောင်းတွေကို ကောက်ယူလိုက်သည်။

"ဟား ဟား အားလုံးစားကြရအောင်"

ကျန့်ပေါင်ကျူးက ရယ်မောကာ အစားအသောက်ကို စားကြရန် လူတိုင်းကို ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်မှ အကြောင်းအရာကို လမ်းကြောင်းပြောင်းရန် ကြိုးပမ်းခဲ့သည်။ ကံမကောင်းစွာဖြင့် သတိမမူမိသော နတ်ဘုရား ချီရှန်းက စိတ်ထက်သန်စွာ မေးလာပါ၏။

"မစ္စပေါင်ကျူး မင်းက ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့ကို သွားခဲ့တယ်? မင်း... ရင်းနှီးမြုပ်နှံဖို့ သွားတာလား"

ကျန့်ပေါင်ကျူးက အကြောင်းပြချက်ကောင်းတစ်ခုလို့ ထင်ပြီး ပြန်တုံ့ပြန်တော့မည့်အချိန်တွင် မုန့်ယရှင်းက မပီမပြင် ပြောလာသည်။

"မဟုတ်ဘူး သူမက မင်းသမီးဖြစ်ဖို့ အဲဒီကိုသွားတာ"

ကျန့်ပေါင်ကျူး : "......."

ချီရှန်း အံ့အားသင့်စွာ မျက်လုံးပြူးပြီး

"မင်းက မင်းသမီးဖြစ်ချင်တာလား"

"ကျွန်မ...မဟုတ်ပါဘူး..."

"မင်းက ပြီးပြည့်စုံတယ်လို့ ငါထင်တယ်!"

ချီရှန်းက သူမကို ငြင်းဖို့ အခွင့်အရေးတောင် မပေးခဲ့ဘူး။ သူကိုယ်တိုင်က မင်းသားဖြစ်လာတော့မှာ ဖြစ်တဲ့အတိုင်း ပြုမူနေပြီး

"မင်းက အရမ်းလှတယ် မင်းက တီဗီထဲက အဲဒီနာမည်ကြီးတွေ နဲ့ တန်းတူပဲ ဟုတ်တယ်မလား ချွီကျစ်?"

ငယ်သူငယ်ချင်းမှသည်... Where stories live. Discover now