Chapter - 24

321 30 2
                                    


အပိုင်း ( ၂၄ )

ထိုထိတ်လန့်ဖွယ်ရာရုပ်ရှင်ကို ရိုက်ကူးပြီးကတည်းက ကျန့်ပေါင်ကျူးသည် ဇာတ်ပို့ဇာတ်ကောင်များ မရရှိခဲ့သည်မှာ ရက်အတော်ကြာပြီဖြစ်သည်။ ဗီဒီယိုတွေကြည့်ရင်း လေ့ကျင့်မှုတွေကြောင့် အလုပ်ရှုပ်နေပေမဲ့လည်း သူမဘဝရဲ့ရွေးချယ်မှုတွေကို သံသယမဝင်ဘဲ မနေနိုင်တော့ပေ။ အကယ်၍ သူမသာ သိခဲ့လျှင် ထိတ်လန့်ဖွယ်ရာဇာတ်ကားများကို အလွန်အကဲခတ်နေမည်မဟုတ်ပေ ၊ သရုင်ဆောင်ရန် အခွင့်အရေးများရှိခြင်းက လုံးဝမရှိတာထက် အများကြီး ပိုကောင်းပါ၏။

ဤအတွေးများကို စိတ်ထဲတွင် တွေးတောရင်း အချိန်နီးလာသောအခါတွင် သူမ၏ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဇာတ်ပို့အဖွဲ့ကို စတင်စစ်ဆေးကာ လူရွေးပွဲသတင်းကို မျှော်လင့်နေလေသည်။

ဒီနေ့ သူမကံကောင်းတယ် ၊ အဖွဲ့၏စီမံခန့်ခွဲသူသည် အထူးလိုအပ်ချက်တစ်ရပ်ဖြင့် ကပြနိုင်သော ဇာတ်ပို့ဇာတ်ကောင်တစ်ခုအတွက် အချိန်မီ သတိပေးချက် ထုတ်ပြန်လာပါသည်။

ကျန့်ပေါင်ကျူး၏မျက်လုံးများ တောက်ပလာသည်။ ဒါ သူမလုပ်နိုင်တာ အတိအကျပဲ ၊ သူမသည် သူမ၏အချက်အလက်များကို ပို့စ်တွင် အလျင်အမြန် ကူးထည့်သည်။

လျှောက်ထားသူများစာရင်းကို အမည်အတန်းလိုက်ဖြင့် အထက်အောက် ရွှေ့ထားသည်။ အဖွဲ့ခေါင်းဆောင်က လျှောက်ထားသူအားလုံးကို အကဗီဒီယိုတစ်ခု ပေးပို့ရန်၊ ဖြစ်နိုင်ရင် တရုတ်အကကို ပေးပို့ရန် တောင်းဆိုထားသည်။

ဤတောင်းဆိုမှုသည် ကျန့်ပေါင်ကျူးအတွက် အံဝင်ခွင်ကျဖြစ်နေပါ၏။ သူမအမေက ကြယ်တစ်ပွင့်အဖြစ် သူမ၏အိပ်မက်အကြောင်း စာစီစာကုံးကို ဆုတ်ဖြဲလိုက်သည့်အတွက် သူမရဲ့မိသားစုက သရုပ်ဆောင်ခြင်းကို လေ့လာရန် သဘောတူဖို့ မဖြစ်နိုင်ကြောင်း သူမ သိထားခဲ့သည်။

ဒါပေမဲ့ ကတာလား? စုမင်ရှီးက ဘာကိုမှ သံသယဖြစ်မှာမဟုတ်ဘူး ၊ ကျန့်ပေါင်ကျူးက ၎င်းကို နှစ်သက်သောကြောင့် သူမအား အကသင်တန်းတွင် စာရင်းသွင်းခဲ့သည်။ ကျန့်ပေါင်ကျူး၏အစီအစဉ်မှာ သူမသည် အနာဂတ်တွင် သရုပ်ဆောင်တစ်ဦးဖြစ်လာပါက အကစွမ်းရည်သည် အသုံးဝင်လာပေမည်။ မဟုတ်ခဲ့ရင်တောင်မှ သူမရဲ့ဆွဲဆောင်မှုကို အားကောင်းလာစေလိမ့်မည်။ နောက်ဆုံးတော့ ကျွမ်းကျင်မှု များလေလေ ပိုကောင်းလေလေပါပဲ။

ငယ်သူငယ်ချင်းမှသည်... Where stories live. Discover now