Part - 3

8.6K 184 8
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 3 (Unicode)

ဟိုတယ်အခန်းယူလိုက်ကြတော့ ကြည်နူးနဲ့ ရူပါတို့ မိန်းကလေးနှစ်ယောက်က ထောင့်စွန်းအခန်းမှာ နေလိုက်၍ ဖူးငုံတို့အတွဲက သူမတို့နဲ့ တစ်ခန်းကျော်မှာဖြစ်ပြီး... ဘေးချင်းကပ်ရပ်မှာက ကိုကောင်းကြီး အခန်းကို ကိုတည်တံ့ခိုင်မြဲ ပါ အတူလာနေမှာ ဖြစ်သည်။

ကိုယ်နေမည့်အခန်းကို ကိုယ်စီဝင်လာခဲ့ကြတော့ Suite room ဆိုတဲ့အတိုင်း အခန်းက လုံးဝအမိုက်စား ဖြစ်နေလေသည်။

"ဖူးငုံမကတော့ သူ့ဘဲနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတော့တာပဲ..."

ရူပါက နူးညံ့အိစက်နေတဲ့ မွေ့ယာကြီးပေါ်မှာ ခြေပြစ်လက်ပြစ် လှဲချပြစ်လိုက်၍ ဇိမ်ယူနေရင်း ဖူးငုံကို သတိရသွားတာမို့ ပွစိပွစိပြောနေပေမဲ့... ဘာမှ တုန့်ပြန်သံမကြားတာမို့ ထထိုင်ကြည့်လိုက်တော့ နူးက အခန်းထဲမှာ ရှိမနေပဲ ဝရံတာဘက်ထွက်၍ ရှုခင်းတွေကို ဓာတ်ပုံရိုက်နေလေသည်။

"ငါကတော့ နင် ရှိနေတယ်မှတ်လို့ တစ်ယောက်ထဲ စကားတွေပြောနေတာ အရူးမကြီးကြနေတာပဲ..."

ရူပါက ဝရံတာဘက်ကို ထွက်လာကာ နူးရဲ့ဘေးမှာ အတူယှဥ်ရပ်လိုက်၍ ပြောလိုက်တော့ သူ့စကားကို ကြားလိုက်ရဲ့လားတောင် မသေချာတဲ့ နူးက... ကလောမြို့ကြီးကို ပေါ်စီးကနေ စီးမိုးမြင်နေရတဲ့ ရင်သက်ရှု့မောဖွယ် မြင်ကွင်းတွေကိုသာ အာရုံရောက်နေပြီး...

"ရှုခင်းတွေက အရမ်းလှတာပဲ..."

"ငါတို့ ဒီကို လာလိုက်တာ မှန်သွားတယ်နော်..."

"အွန်း!..."

"ဟဲ့... ဟိုဘက်မှာ ကိုကောင်းကြီးတို့..."

တည်တံ့ခိုင်မြဲနဲ့ ကောင်းမာန်တို့က မတွေ့ဖြစ်တာကြာပြီမို့ စကားတပြောပြောနဲ့ ဝရံတာဘက်မှာ ဆေးလိပ်သောက်ဖို့ ထွက်လာကြတော့... ဘေးအခန်းက ကြည်နူးသဒ္ဓါငယ်တို့ သူငယ်ချင်းနှစ်ယောက်ကလည်း ဝရံတာမှာ ရပ်နေကြတာမို့ ခိုင်မြဲ နှစ်လိုဖွယ် ပြုံးပြလိုက်သည်။

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now