Part - 12

6.9K 162 6
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 12 (Unicode)

တည်တံ့ခိုင်မြဲသည် ဒီညအတွက် ကျသလောက် သူဒကာခံမယ်လို့ ပြောခဲ့ပေမဲ့... Zoom meeting တစ်ခု join လိုက်ရ၍ ဟိုတယ်ကနေ နောက်ကျမှ ထွက်လာခဲ့ရသည်။ ဇေယျာ ရွေးချယ်ထားသော bar ကို ခိုင်မြဲ ဝင်လာခဲ့လိုက်တော့....

"ခိုင်မြဲ ငါတို့ ဒီမှာ..."

ဇေယျာက သူ့ကို လက်လှမ်းပြတာကြောင့် ထိုဝိုင်းရှိရာကို ခိုင်မြဲ ရောက်သွားချိန်မှာ ကျောင်းတုန်းက ဘော်ဒါ နောက်တစ်ယောက်ပါ ရောက်ရှိနေသည်။

"ဇာတ်လိုက်မင်းသားကြီး ရောက်လာပါပြီ..."

"Sorry! ပါကွာ... Meeting က မပြတ်နေတာနဲ့ ငါ နည်းနည်းနောက်ကျသွားတယ်..."

ခိုင်မြဲက ကောင်းကြီး ဘေးကခုံမှာ ဝင်ထိုင်လိုက်ရင်း ပြောလိုက်သည်။

"ငါ့ကိုရော မှတ်မိရဲ့လား...."

"မင်း.. MP က အောင်ကျော် မဟုတ်လား... ငါတို့ Archi က စော်လေးကို မ,သွားတဲ့ကောင်..."

"ဟားး... ဟုတ်ပါ့..."

ခိုင်မြဲ အပြောကြောင့် အောင်ကျော် တစ်ယောက် တဟားးနဲ့ ရယ်နေတော့သည်။

"မှတ်မိတာပေါ့ကွာ... ဒါနဲ့ မင်းက ဒီကို ဘယ်လိုဖြစ်ပြီး..."

"ဒီ bar က ငါတို့ လင်မယားနှစ်ယောက်ရဲ့ မရှိမဲ့ရှိမဲ့ ငွေလေးတွေစုပြီး ဖွင့်ထားတာလေ..."

"အဲ့ဒါဆို မင်းက မိန်းမ ရနေပြီပေါ့... ဘယ်သူနဲ့လဲ..."

"ဝတ်ရည်လှိုင်ကလွဲရင် ဘယ်ကောင်မလေးမှ ဒီကောင့်ကို ယူမှာမဟုတ်ဘူး... သူ့ကို ယူမဲ့လူက ဝတ်ရည်လှိုင် တစ်ယောက်ပဲ ရှိတာ..."

ဇေယျာမောင်က ဝင်နှောက်လိုက်တော့...

"ဟားး.. ဟုတ်မှာပါ... ကျောင်းမှာကတည်းက ဒီကောင်က ဝတ်ရည်လှိုင်နဲ့ ရေပဲ ဖြစ်ခဲ့တဲ့ကောင်ကိုး..."

"ဟုတ်ပါ့ကွာ... ဟားးး...."

သူတို့ ၄ယောက် အဖွဲ့ကြနေကြစဥ်...

"ကိုရေ... ဝတ်ရည်တို့ဆိုင်ကို အားပေးကြမဲ့ customer တွေ ခေါ်လာခဲ့တယ်..."

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now