Part - 8

7.3K 176 6
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 8 (Unicode)

ကိုကြီးခိုင်မြဲက ကလောမြို့ အနီးအနားမှာရှိတဲ့ လိမ္မော်ခြံနှင့် စတော်ဘယ်ရီခြံတွေကို လိုက်ပို့ပေးမယ်ဆိုသောကြောင့်... နူး တစ်ယောက် ရေချိုးလိုက်၍ allergic ကြောင့် ဖြစ်ပေါ်နေတဲ့ မျက်နှာနုနုလေးပေါ်က အနီစက်ပျောက်လေးတွေသည် လုံးဝအရှင်း ပျောက်ကင်းသွားပြီဆိုပေမဲ့ make up မလိမ်ချင်သေးတာမို့ တိုနာလေးပဲသုံးပြီး အပေါ်ကနေ sun cream ထပ်လိမ်းလိုက်၍ နှုတ်ခမ်းသားလေး‌ကိုတော့ နှုတ်ခမ်းနီ အရောင်ဖျော့တာလေးပဲ ဆိုးလိုက်ပြီး အလှပြင်ခြင်းကို အဆုံးသတ်လိုက်သည်။ Outfit ကိုတော့ high waist ဒဲ့ပွဂျင်းဘောင်းဘီကို  နို့နှစ်ရောင် crop top လက်တိုလေးနှင့် တွဲဝတ်လိုက်၍ ဖိနပ်ကိုတော့ ပေါ့ပေါ့ပါးပါး ခြေဖိနပ်လေးပဲ စီးလိုက်ပြီး ဖူးငုံနဲ့ရူပါတို့က BD present ပေးထားကြတဲ့ အနက်ရောင် Channel အိတ်အသေးလေးကို လွယ်လိုက်၍ အခန်းထဲကနေ ထွက်လာခဲ့တော့ ကိုကြီးခိုင်မြဲက အခန်းအပြင်မှာ စောင့်နေလေသည်။

"စောင့်နေရတာ ကြာနေပြီလား..."

ရေချိုးပြီးကာစ သူမလေးဆီက ကိုယ်သင်းရနံ့လေးကို ရှုရှိုက်လိုက်မိတော့ နှစ်လိုဖွယ်ကောင်းစွာ ကြည်လင်လတ်ဆတ်နေတာမို့ ခိုင်မြဲ နှစ်ချိုက်စွာ ပြုံးလိုက်မိရင်း... 

"အဟွန်း!... ကိုယ်လည်း အခုမှ ရောက်တာပါ... လာ သွားကြမယ်လေ..."

"ဟုတ်!..."

နှစ်ယောက်အတူ ထွက်လာခဲ့ကြပြီး ဟိုတယ်အရှေ့မှာ အဆင့်ရှိနေတဲ့ ခိုင်မြဲ၏ အနက်ရောင် farrier ကားလေးရဲ့  lover seat က တံခါးကို သူကိုယ်တိုင် ဖွင့်ပေးလိုက်ကာ ကားပေါ်တက်စေလိုက်၏။

"တက်လေ..."

"ဟင်!... ဟုတ်!..."

မနေ့က ဟိုဘက်အိမ်ကို ဟိုတယ်ကကားနဲ့ပဲ လိုက်ပို့ပေးပြီး... ဒီနေ့မှာတော့ သူ့ကားနဲ့ပဲ သွားမှာမို့  Lover seat တံခါးကို ဖွင့်ပေးလာတာကြောင့် နူးက နည်းနည်းတွေဝေသွားရပေမဲ့... ကားပေါ်တွင် သူမတို့ နှစ်ယောက်ပဲ လိုက်ပါစီးနှင်းမှာဖြစ်၍ ကားအနောက်ခန်းမှာ ထိုင်လိုက်မယ်ဆိုလျှင် ကိုကြီးခိုင်မြဲက ဒါရိုက်ဘာလိုလို ဖြစ်သွားနိုင်တာမို့ ခေါင်းလေးညှိမ့်လိုက်ပြီး Lover seat မှာပဲ ဝင်ထိုင်ရသည်။

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now