Part - 37

4.4K 231 8
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 37 (Unicode)

ဆုရည်လှိုင်ဝင်းကို Team တစ်ခုလုံးက တအံ့တသြ ဝိုင်းကြည့်‌လာကြသည့် အကြည့်တွေ၏ အဓိပ္ပါယ်ကို သေချာမသိပေမဲ့ သူမရဲ့စကားက အနည်းငယ် ဘောင်ကျော်သွားခဲ့ပြီဆိုတာကို အလိုလိုနားလည်လိုက်၍...

"အခုလာမဲ့ဧည့်သည်တွေက Project အတွက် အရေးကြီးတဲ့လူတွေဆိုတော့ housekeeping က ကလေးတွေ တစ်ခုခု အမှားလုပ်မိမှာ စိတ်ပူလို့ပါ..."

မဆုရည်က အခြေအနေကို ချက်ချင်းပြန်ထိန်း၍ လေချိုသွေးသော စကားသံနှင့်အတူ ပြောလာသည်မို့ ကြည်နူးသဒ္ဓါငယ် တစ်ယောက် ခပ်ရေးရေးလေး ပြုံးလိုက်မိရင်း...

"Hotel Legend Group က Team တွေ အများကြီးနဲ့ ဖွဲ့စည်းထားပြီးတော့ Management သေချာလုပ်ပြီး လည်ပတ်နေတဲ့ အဆင့်မြင့်ဟိုတယ်ကြီး တစ်ခုပါ... Hotel Organization ထဲမှာရှိတဲ့ Team တိုင်းကလည်း ကိုယ့် Team နဲ့ပတ်သက်တဲ့ တာဝန်ဝတ္တရားတွေကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ အလုပ်လုပ်ကြရတာပါ....

ပြီးတော့ ဟိုတယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေကလည်း ကိုယ့်တာဝန်ကိုယ်သိကြပြီး လုပ်ချင်ကိုင်ချင်စိတ်အပြည့်နဲ့ အလုပ်လုပ်ကြသလို သက်ဆိုင်ရာ Leader တွေကလည်း သူတို့ Team ကို သေချာကြီးကြပ်ကွပ်ကဲပေးနေကြပါတယ်..."

ဆုရည် ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ကောင်မလေးရဲ့ စကားလုံးတွေက ကိုယ်နဲ့မသက်ဆိုင်တဲ့အလုပ်ကို ဝင်မပါဖို့ သတိပေးနေသကဲ့သို့ ဖြစ်နေပေမဲ့... သူမကိုယ်တိုင်က ကြည်နူးသဒ္ဓါငယ် အပေါ်မှာ အမြင်မကြည်တဲ့စိတ်နဲ့ တခြား Team ကအလုပ်ကို ဝင်ရောက်စွက်ဖက်ဖို့ ခိုင်းစေလိုက်မိသလို ဖြစ်သွားတာကြောင့်...

"အစ်မ အရင်လုပ်ခဲ့တဲ့ ဟိုတယ်မှာတုန်းက အားလုံးကို ကိုယ်ပဲလိုက်ပြီး အားလုံးကို စီမံခန့်ခွဲလုပ်ခဲ့ရတာဆိုတော့ ဒီရောက်လာတော့ ဟိုကအကျင့်တွေပါပြီး အများကြီးတွေးလိုက်မိတယ်... အဟင်း.. ဟင်း..."

"အဲ့ဒါဆိုရင် တခြား team ရဲ့ လုပ်ငန်းတာဝန်တွေ လိုအပ်ချက်ရှိ,မရှိကို တကူးတက သွားစစ်ပေးဖို့ လိုအပ်သေးလား ဟင်..."

You've reached the end of published parts.

⏰ Last updated: Oct 06 ⏰

Add this story to your Library to get notified about new parts!

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now