Part - 32 (Zawgyi)

2.5K 18 2
                                    

🌟"ခိုင်မြဲသောအချစ်တိုနဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 32 (Zawgyi)

"ဖြစ်နိုင်ပါ့မလား သားရယ်..."

သားဖြစ်သူ ပြောပြလာတဲ့အကြောင်းအရာကြောင့် ဒေါ်နန်းထိုက်ယဉ်က ကိုယ့်နားကိုယ်ပင် မယုံချင်ဖြစ်သွားရသည်။

"သားတို့ဘက်က သေချာအောင်တော့ စုံစမ်းကြည့်ရမှာပေါ့... ဘိုးနဲ့ ဘွားလေး စကားများနေတာကို သား နားနဲ့ဆက်ဆက်ကြားခဲ့တာမို့ ဖြစ်နိုင်ချေက ၉၅ရာနှုန်းအထိ ရှိတယ်‌ မေမေ..."

ထိုအချိန်က ငယ်ရွယ်သေးတဲ့ တည်တံ့ခိုင်မြဲကို စာပေဗဟုသုတ ကြွယ်ဝစေရန် အဘိုးဖြစ်သူ ဦးစိုင်းမောက်က သူနဲ့အတူ စာကောင်းပေကောင်းစာအုပ်တွေကို ဖတ်ခိုင်းလေ့ရှိရာ ထိုနေ့က ခိုင်မြဲ တစ်ယောက် စာဖတ်နေရင်း မှေးခနဲ့အိပ်ပျော်သွားခဲ့၏။ သူ နိုးလာတော့ ဘိုးနဲ့ ဘွားလေးက တစ်ယောက်တခွန်း စကားများနေကြတာဖြစ်ပြီး အကြောင်းအရင်းကတော့ ဘိုးဘိုးအပေါ်မှာ ဘွားလေးက တချိန်လုံး ဖုံးကွယ်လိမ်ညာထားခဲ့သည့်ကိစ္စ။ ထိုစဉ်က ခိုင်မြဲသည် ငယ်သေးတာမို့ အမှတ်တမဲ့ထားခဲ့၍ မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပြီး ခုဏက သဲငယ် သူ့ကို မေးလာတဲ့အကြောင်းတွေနဲ့ ဆက်စပ်ပြီးတော့မှ သူ မေ့နေခဲ့တဲ့အကြောင်းအရာကို ပြန်အမှတ်ရသွားခဲ့တာဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် စုံစမ်းကြည့်လိုက်တာက သားတို့အတွက် အရှုံးမရှိပါဘူး... တကယ်လို့ အဲ့ဒီကိစ္စသာ တကယ်ရှိနေခဲ့ရင် ဘွားလေး လှုပ်ရှားနေတာတွေကို အဲ့ဒါနဲ့တားဆီးလို့ ရနိုင်လိမ့်မယ် မေမေ..."

"အင်း... မေမေလည်း အဲ့လိုပဲ တွေးတယ်... ဘွားလေးက သူ့ဂုဏ်သိက္ခာကို ထိခိုက်မှာကြောက်သလို မေမေလည်း စံအိမ်ရဲ့သမိုင်းမှာ ညစ်နွမ်းတဲ့အရာတွေ စွန်းထင်ကျန်ရစ်ခဲ့တာမျိုး အဖြစ်မခံနိုင်တဲ့အတွက် ဘွားလေးကို အဲ့ဒါနဲ့ အကြပ်ကိုင်ပြီးတော့ တားရမယ်... သူတပါးရဲ့ အားနည်းချက်ကို ချနင်းတာက ကောင်းတဲ့လုပ်ရပ် မဟုတ်ပေမဲ့ ဒီတစ်ကြိမ်ကတော့ မေမေတို့ လုပ်ကိုလုပ်ကြရမှ ဖြစ်မယ် သား..."

~^~^~^~^~^~^~^~^~^~

မောက်ကွမ်စံအိမ်တော်ကနေ သူမတို့အားလုံး ပြန်လာခဲ့ကြပြီဖြစ်ပြီး... နန်းအိမ့်ခမ်းသည် ဒီတစ်ပတ် သောကြာနေ့ဆိုလျှင် သူ့သမီးလေးကို နောက်တစ်ကြိမ် ဆေးကုဖို့အတွက် သားအမိနှစ်ယောက်စလုံး ကိုရီးယားကို ထပ်သွားကြရမှာဖြစ်သည်။

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now