Part - 17

8.7K 231 7
                                    

🌟"ခိုင်မြဲသောအချစ်တိုနဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 17 (Unicode)

"နူး ဘဝကို ရှင် အခုလိုနည်းနဲ့ ရအောင်ယူလို့ ရချင်ရနိုင်ပေမဲ့... နူး အချစ်ကိုတော့ ဘယ်တော့မှ မရစေရဘူး..."

သူ့ရင်ခွင်ထဲကနေ ကတ်ကတ်လန်အောင် ပြန်ပြောနေတဲ့ သူမလေးကို နည်းနည်းလောက်တော့ ပညာပေးမှဖြစ်မှာမို့...

"ဟုတ်လား... ဘဝကို ရအောင်ယူတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုရော သဲငယ် မသိချင်ဘူးလား..."

"ဟင့်အင်... မသိချင်ဘူး..."

အခုမှ ကြောက်ရကောင်းမှန်း သိသွားတဲ့ သူမလေးက သူ့ရင်ဘတ်ကို တွန်းဖယ်ကာ ရုန်းထွက်ဖို့ ကြိုးစားနေတာကြောင့်... တစ်ကိုယ်လုံးကို သိမ်းဖက်ထားလိုက်၍ တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းလုံးလုံးလေးကို ခိုင်မြဲ တစ်ယောက် စူးစိုက်ကြည့်လိုက်မိပြီး...

"လွှတ်... အွန့်!..."

"ပြွတ်စ်!..."

ဖိကပ်နမ်းရှိုက်လိုက်မိတဲ့ သူမရဲ့ နူးညံ့အိစက်နေသော နှုတ်ခမ်းလေးသည် ချိုမြိန်လွန်းတာကြောင့် ပြန်လွှတ်မပေးချင်လောက်အောင်အထိ သူ့ကို ရူးသွပ်စွဲလမ်းသွားစေတာမို့...

"ဟင်း!..."

ခိုင်မြဲ သူမရဲ့နှုတ်ခမ်းလေးကို အားနဲ့စုပ်ယူ နမ်းရှိုက်လိုက်မိတော့ ညည်းညူသံတိုးတိုးလေး ထွက်ပေါ်လာပြီးနောက် သူ့လက်မောင်းကို တင်းကြပ်စွာဆုတ်ကိုင်လာတဲ့ ပုံစံလေးက အတွေ့အကြုံမရှိမှန်း သိသာလှ၏။

"ပြွတ်!... ပြွတ်စ်!..."

သူ့အနမ်းတွေက တဖြည်းဖြည်းနက်ရှိုင်းလာတာကြောင့် နူး အသက်ရှုကြပ်လာ၍ ပါးစပ်လေးဟကာ အသက်ရှုရန်ကြိုးစားလိုက်ချိန်မှာ သူ့လျှာဖျားက တိုးဝင်လာပြီး ပြင်းပြသောအနမ်းတို့ဖြင့် စိတ်ကြိုက်နမ်းရှိုက်လာလေသည်။

"ဟင့်... အဟင့်!..."

သူ့ရင်ခွင်ထဲကနေ လွှတ်မြောက်အောင် ရုန်းကန်ဖို့လည်း အင်အားမရှိတော့သလို သူ့အနမ်းတွေကြောင့် အသိစိတ်ကို သစ္စာဖောက်စွာဖြင့် တဒိတ်ဒိတ်ဆောင့်ခုန်နေတဲ့ သူမ၏ ရင်ခုန်သံတွေကိုလည်း မကျေမနပ်ဖြစ်ကာ နူး ရှိုက်ငိုလိုက်မိသည်။

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now