Part - 28

7.9K 262 11
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 28 (Unicode)

တည်တံ့ခိုင်မြဲသည် သူတို့နှစ်ယောက်ရဲ့ ချစ်စခင်စ ကြင်စဦးဘဝအစလေးကို လွတ်လွတ်လပ်လပ်သာနေချင်၍ ကလောဟိုတယ်ဘေးက အိမ်လေးကို မင်္ဂလာဦးအိမ်အဖြစ် သတ်မှတ်ကာ တသီးတသန့်နေခဲ့သည်။

ခိုင်မြဲတို့ရဲ့ မင်္ဂလာပွဲ ကျင်းပပြီးစီးသွားတဲ့နောက် ဦးမြဲသာက မောက်ကွမ်စံအိမ်တော်၏ ပင်မစီးပွားရေးလုပ်ငန်းတွေကို သူ့ချစ်ဇနီး တစ်ယောက်ထဲ ဦးစီးလုပ်ကိုင်နေတာကို ပင်ပန်းမှာစိုး၍ဟု အကြောင်းပြပြီး Hotel Legend Group ကြီး၏ CEO ရာထူးအား တည်တံ့ခိုင်မြဲကို ပေးအပ်ကာ ဦးစီးလုပ်ကိုင်စေတော့သည်။

အမှန်တကယ်က မောက်ကွမ်စံအိမ်တော်၏ လုပ်ငန်းလည်ပတ်မှုတွေသည် စိတ်ချယုံကြည်ရတဲ့ လူယုံတွေနဲ့သာ လွှဲအပ်ထားလို့ ရပါသည်။ အဲ့ဒါကို သက်သက်အကြောင်းပြ၍ တည်တံ့ခိုင်မြဲကို လွှဲပြောင်းပေးအပ် ဦးစီးလုပ်ကိုင်စေခဲ့တာက ဦးမြဲသာ တစ်ယောက် သားဖြစ်သူရဲ့ လုပ်ရည်ကိုင်ရည်အပေါ်မှာ ဘယ်လောက်ယုံကြည်တယ်ဆိုတာ သိသာပေါ်လွင်နေလေသည်။

တည်တံ့ခိုင်မြဲက CEO ဖြစ်သွားတဲ့အလျှောက် တောင်ကြီးမြို့အခြေစိုက် Hotel Legend Group ကြီး၏ Head Office ကိုလည်း လွန်ခဲ့သောတစ်ပတ်ခန့်ကပဲ ကလောမြို့ကို ရွှေ့ပြောင်းလာခဲ့ပြီ ဖြစ်သည်။ ပြီးတော့လည်း တောင်ကြီးမှာကတည်းက တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေကိုပါ အပါခေါ်လာခဲ့၍ ခါတိုင်း နယ်ဝေးမှဝန်ထမ်းတွေ နေထိုင်ဖို့အတွက် ဆောင်လုပ်ထားတဲ့ ဝန်ထမ်းအဆောင်နှစ်ခုစလုံးက လူအပြည့်ပင်။ ထိုကဲ့သို့ ပြောင်းရွှေ့လာခဲ့သော ဝန်ထမ်းတွေအထဲမှာ Hotel Legend Group ကြီး၏ GM ရာထူးကို တာဝန်ယူထားတဲ့ နန်းအိမ့်ခမ်းနဲ့ သူ့သမီးလေးပါ ပါဝင်လေသည်။

ကြည်နူးသဒ္ဓါငယ်သည်လည်း တကယ့်လက်တွေ့ ရင်ဆိုင်ကျော်ဖြတ်ကြရမဲ့ဘဝမှာ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရွေးချယ်ရတာကြောင့်... သူမရဲ့အိပ်မက်ဖြစ်သော ဆွစ်ဇာလန်မှာ ကျောင်းသွားတက်ဖို့ အခွင့်အရေးကို လက်လွှတ်လိုက်ပြီးတော့ UK ကဖွင့်လှစ်တဲ့ Hotel Management Class ကို Online Class နဲ့သာ တက်ရောက်ဖို့ ဆုံးဖြတ်လိုက်ရသည်။

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now