Part - 14

7.7K 187 8
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 14 (Unicode)

ကြည်နူးသဒ္ဓါငယ်သည် မော်လမြိုင်က သူမ၏ အဘွားအိမ်ကို ရောက်နေခဲ့တာ ၂ပတ်ကျော်နေပြီဖြစ်သည်။ 

ထိုနေ့က ဖူးငုံ ပြောပြနေတဲ့ ကိုကြီးခိုင်မြဲရဲ့ အကြောင်းတွေကို သိလိုက်ရတဲ့အချိန်မှာ နူး တစ်ယောက် တုန်လှုပ်ခြောက်ခြားသွားခဲ့ပေမဲ့ ကိုယ့်စိတ်ကို ထိန်းချုပ်ကာ သူငယ်ချင်းတွေအရှေ့မှာ ဟန်မပြတ်အောင်နေခဲ့ရသည်။ နူး သူငယ်ချင်းတွေနဲ့ date ပြီးသွားလို့ အိမ်ပြန်လာခဲ့တော့ ဖေကြီးရဲ့ အမေ မော်လမြိုင်မှာနေတဲ့ အဘွားက နေသိပ်မကောင်းဘူးလို့ တီလေးက အကြောင်းကြားလာတာမို့ မော်လမြိုင်ကို နူးတို့ တစ်မိသားစုလုံး အိမ်ကကားနဲ့ပဲ လိုက်သွားခဲ့ကြတာဖြစ်သည်။

ဘွားဘွားက အသက်၈၀ကျော်နေပြီမို့  လူကြီးပိုင်းတို့ သဘာဝအတိုင်း သာမန်နေမကောင်းတာဖြစ်ပြီး ၂ရက်လောက်နေတော့ ပြန်သက်သာလာတာကြောင့် ဖေကြီးက ဆေးရုံမှာ လူနာတွေရှိနေသေးတာမို့ ရန်ကုန်ကို ပြန်ကြတော့မယ်ဆိုတော့... နူးက စိတ်အေးအေးထားကာ စဥ်းစားချင်နေတဲ့အရာတွေ ရှိနေသေးတာ၍ ဒီမှာပဲ ကျန်နေခဲ့ချင်သေးတယ်ဟုဆိုကာ နေရစ်ခဲ့တာဖြစ်သည်။

နူးသည် Social media တွေကို လုံးဝမသုံးပဲ နားထားခဲ့ပေမဲ့... သူမ မော်လမြိုင်ကို ရောက်ပြီး ၃ရက်မြောက်နေ့မှာ မော်ဒယ် ယမုံနှင်းပွင့်က interview တစ်ခု ဖြေထားတာကိုတော့ စိတ်မနိုင်စွာဖြင့် အစ်မဝမ်းကွဲ၏ Fb Acc ကနေတဆင့် ဝင်ကြည့်ခဲ့မိသေးသည်။ ထို interview ထဲမှာ ကိုကြီးခိုင်မြဲက သူမရဲ့  Ex ဆိုတာကိုတော့ ဝန်ခံခဲ့၍ ပြန်ဆက်နေကြတာ မဟုတ်ပဲ bar မှာ မမျှော်လင့်ပဲ ပြန်တွေ့ကြတာမို့ သူမတို့နှစ်ယောက်ဟာ သူငယ်ချင်း၊ မိတ်ဆွေတွေလိုမျိုး ဆက်ဆံရေးမျိုးနဲ့သာ စကားပြောနေကြတာ ဖြစ်ကြောင်းကို ပြန်ရှင်းထားတာဖြစ်သည်။

ပြီးတော့ ကိုကြီးဇေယျာကလည်း သူမတို့အကြောင်းကို သိသွားခဲ့၍ သူတို့ သူငယ်ချင်းနှစ်ယောက် တစ်ယောက်ခွန်း စကားများကြသေးတယ်လို့ ဖူးငုံ ဆီကနေ နူး ပြန်သိခဲ့ရသည်။ နောက်တော့ ကိုကြီးဇေယျာ ကိုယ်တိုင် သူမကို ဖုန်းနဲ့လှမ်းဆူကာ ပြီးတော့မှ သူ့ဘာသာ စိတ်မကောင်းဖြစ်ပြီး... 

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now