Part - 36

5.1K 266 9
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 36 (Unicode)

သူတို့ အိမ်ပြန်ရောက်လာတော့လည်း သူ့အသဲလေးက မေမေ့အနားမှာပဲ ကပ်နေ၍ ခိုင်မြဲ တစ်ယောက် ကောက်တေးလေးကို ချော့ဖို့ အခွင့်မသာဖြစ်နေရပြီး သူမနဲ့ အကြည့်ချင်းဆုံလိုက်မိတိုင်းလည်း မျက်စောင်းလှလှလေးကိုသာ လက်ခံရရှိနေတာမို့ အသည်းတယားယားနဲ့သာ ဖြစ်နေရ၏။

"မသန်းနုရေ ညစာအတွက် ဘာချက်ဖို့ စီစဥ်ထားလဲ... အစ်ကိုက ညစာကို အိမ်မှာပဲ စားမှာနော်..."

"ကျွန်မ မနက်တုန်းက စျေးထဲမှာ ကင်ပွန်းချဥ်လေးတွေရလို့ ဝယ်လာခဲ့သေးတယ်... ဆရာက ကင်ပွန်းချဥ် ကြိုက်တော့ အရည်သောက်ကို ကင်ပွန်းချဥ်ရည်လေး လုပ်လိုက်ရမလား..."

"အွန်း ကောင်းတယ်... အစ်ကိုက ငါးနဲ့ကင်ပွန်းချဥ်ဟင်း ချက်တဲ့နေ့ဆို ထမင်းများများစားတယ်... ငါးတွေ ဝယ်ထားတာ ရှိသေးတယ်မို့လား... ငါးကင်ပွန်းချဥ်ရည်သောက်စမ်းလေး ချက်လိုက်ရင်ရော..."

"ဟုတ်ကဲ့ ချက်လိုက်ပါ့မယ်..."

မေမေက ဒေါ်ကြီးသန်းနုတို့ကို ညစာချက်ဖို့ စီမံနေရင်းနဲ့ kitchen room ဘက်ကို ထွက်သွားသည်နှင့် အနောက်က‌နေလိုက်သွားဖို့ ပြင်နေတဲ့ သူ့အသဲလေးရဲ့အနားကို ခိုင်မြဲ ခြေလှမ်းကျဲတွေနဲ့ လျှောက်သွားပြီး ကိုယ်လုံးလေးကို စွေ့ကနဲပွေ့ချီကာ ပခုံးပေါ်ကို ထမ်းတင်ပြစ်လိုက်၏။

"အမေ့!... ကိုကြီး ဘာလုပ်တာလဲ ချပေး..."

ခုဏကတည်းက နူးကို စိုက်ကြည့်နေသော ကိုကြီးရဲ့ အကြည့်တွေကို သိနေတာမို့ မေမေတို့ အနောက်ကို လိုက်သွားမလို့ ခြေလှမ်းပြင်နေတုန်းမှာ နူးရဲ့ကိုယ်လုံးလေးကို ပွေ့ချီခံလိုက်ရပြီး... မိဘတွေအိမ်မှာမို့ လူကြီးတွေ မြင်သွားမှာစိုး၍ နူး အသံခပ်တိုးတိုးလေးဖြင့် ကျိတ်ပြောလိုက်ရင်း ယက်ကန်ယက်ကန်လေးနဲ့ သူ့ပခုံးပေါ်မှာ ပါသွားရသည်။

"အခန်းထဲရောက်မှ ချပေးမယ်..."

"ဟင်.. ဘာ ဘာစကားကြီးလဲ... နူးကို အောက်ချပေးလို့ ပြောတာလို့...."

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now