Part - 34

6.8K 264 8
                                    

🌟"ခိုင်မြဲသောအချစ်တိုနဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 34 (Unicode)

ခိုင်မြဲ တစ်ယောက် သူတို့မိသားစုပိုင်ဆိုင်တဲ့ စပျစ်ခြံကိုဝင်၍ စီမံညွှန်ကြားပြီးမှသာ ပြန်လာခဲ့တာမို့ ကလောကို ပြန်ရောက်လာတော့ မှောင်ရီပျိုးပြ ဖြစ်နေလေပြီ။ ဟိုတယ်ကို မဝင်တော့ပဲ သူတို့အိမ်ဘက်ကို ဆက်မောင်းလာခဲ့လိုက်လျှင် အောက်ဆုံးထပ်မှာသာ မီးဖွင့်ထား၍ အိမ်အပေါ်ထပ် ၂ထပ်လုံးက မှောင်မဲနေဆဲဖြစ်သည်။

ခိုင်မြဲက အိမ်ရှေ့မှာ ကားရပ်ကာ အထဲကိုဝင်လာခဲ့လိုက်ပြီး...

"သဲငယ်... ကိုယ် ပြန်ရောက်ပြီ..."

အပေါ်ထပ် ၂ထပ်လုံးမှာ မီးမဖွင့်ရသေးတာကြောင့် သူ့အချစ်ကလေးက အောက်ထပ်မှာရှိနေမယ် ထင်လိုက်၍ ပြောလိုက်သော်လည်း တစ်ထပ်လုံး တိတ်ဆိပ်နေတာမို့... dinning room ထဲကို ဝင်ကြည့်သော်လည်း မရှိ... အောက်ထပ်တစ်ခုလုံး နေရာနှံ့ရှာပြီးလို့ သူမလေးကို မတွေ့ရသော် မှောင်မဲနေတဲ့ အပေါ်ထပ်ကို အပြေးလေးတက်လာခဲ့ပြီးနောက် အလင်းရောင်ရရှိရန် မီးတွေအကုန်ဖွင့်ကာ ထပ်ရှာတော့မှ အိပ်ခန်းထဲက ဆိုဖာခုံရဲ့အနောက်က မွေးပွကော်ဇော်ပေါ်မှာ ပုံ့ပုံ့လေးထိုင်နေတဲ့ သူ့အသဲလေး...

"အသဲ... ဒီမှာ ဘာထိုင်လုပ်နေတာလဲ... ကိုယ် ခေါ်နေတာ မထူး... ဟင်!..."

ခိုင်မြဲက အနားမှာ ဝင်ထိုင်လိုက်၍ မျက်နှာလေးကို မော့ယူလိုက်တဲ့အချိန်မှာ မျက်ဝန်းအိမ်မှ တွဲခိုကျနေတဲ့ မျက်ရည်ဥလေးတွေနှင့်အတူ နှာသီးဖျားလေး‌က ရဲတွတ်နေလျှက် ရှိတာကြောင့် ဘယ်အချိန်ကတည်းက ထိုင်ငိုနေမှန်းမသိ...

"သဲငယ် ငိုနေတယ်... ဘာဖြစ်လို့လဲ... ကိုယ့်ကိုပြော..."

သဲငယ် မျက်နှာလေးကို သူ့လက်ဖဝါး‌တွေထဲမှာ ထည့်ထားလိုက်ရင်း တလိမ့်လိမ့်စီးကျနေတဲ့ မျက်ရည်ဥလေးတွေကို တယုတယ သုတ်ပေး၍ ရင်ပူစွာဖြင့် မေးလိုက်မိသည်။

"ဒါမှမဟုတ် မနက်တုန်းက သဲငယ် အိပ်ယာနိုးတဲ့အထိ မစောင့်ပဲ သွားလိုက်လို့လား... ဟုတ်လား အသဲ..."

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now