Part - 16

9.2K 214 5
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 16 (Unicode)

ခိုင်မြဲသည် သူမလေးကို ကားတင်ပြေးလာပြီးနောက် အဝေးကိုသွားလျှင် လမ်းမှာ အစစ်အဆေးတစ်ခုခုကြောင့် ပြဿနာတက်မှာ စိုးရိမ်၍ ရန်ကုန်မှာပဲ အောင်းနေဖို့ စိတ်ကူးလိုက်ပြီး... တခြားသူငယ်ချင်းတွေကို အဆက်အသွယ်လုပ်လိုက်လျှင် ဇေယျာမောင်ဆီကို သတင်းရောက်သွားမှာ စိုးသလို တခြားဟိုတယ်တစ်ခုခုကို ခေါ်သွားလျှင်လည်း သူမလေး၏ ဂုဏ်သိက္ခာကို ထိခိုက်လာမှာကို မလိုလားတာကြောင့် မှုံလေးရဲ့အမျိုးသား ပိုင်ဆိုင်တဲ့ဟိုတယ်ကို ခေါ်သွားဖို့ စဥ်းစားလိုက်ပြီး ကိုကောင်းကင်ယံ ဆီကို ဆက်သွယ်လိုက်ကာ အကျိုးအကြောင်းပြောပြ အကူအညီတောင်းလိုက်၍ သူမလေးအား The Sky Hotel ကို ခေါ်လာခဲ့လိုက်သည်။

ဒီလိုပုံစံမျိုးနဲ့ သူ အရမယူချင်ပေမဲ့ ခေါင်းမာလွန်းတဲ့ သူမလေးကြောင့် အဆုံးရှုံးမခံနိုင်၍ ရအောင်ခေါ်လာခဲ့မိပြီ။ သူမလေး နိုးလာရင်တော့ ဘယ်လောက်များ သူ့ကို ဒေါသဖြစ် စိတ်တိုနေမလဲဆိုတာ သိပေမဲ့ ပိုင်ဆိုင်ချင်လွန်းလှ၍ အရယူခဲ့မိ၏။

The Sky Hotel ၏ VVIP room ထဲမှာ ဆေးအရှိန်မပြယ်သေးတာကြောင့်... အိပ်ပျော်နေဆဲဖြစ်တဲ့ သူမလေးသည် အိပ်နေရင်းနဲ့တောင် သူ့ကို စိတ်တိုဒေါသဖြစ်နေသလား မသိ။ နှုတ်ခမ်းလုံးလုံးလေးကို စူထားလျှက် အိပ်ပျော်နေတာမို့ သူမလေးရဲ့ ဘေးမှာ လှဲအိပ်လိုက်ရင်း မျက်နှာလေးပေါ်သို့ ဖေးတင်ကျရောက်နေတဲ့ ဆံနွယ်လေးတွေကို သူ့လက်နဲ့ တယုတယဖယ်ရှားလိုက်၍ ပါးမို့မို့လေးတွေက ချယ်ရီရောင်ထနေတာကိုလေးကို ချစ်မြတ်နိုးစွာဖြင့် ငေးကြည့်နေမိရင်း...

"အဟွန်း!... အိပ်ပျော်နေတာလေးကအစ ချစ်ဖို့ကောင်းနေတဲ့ မင်းလေးကို ပိုင်ဆိုင်ချင်မိတာက ကိုယ့်အလွန် မဟုတ်ဘူး မလား..."

"မွ!..."

ခိုင်မြဲ တစ်ယောက် နီရဲနုထွေးနေတဲ့ နှုတ်ခမ်းစူစူလေးကို အသည်းယားစွာဖြင့် ဖိကပ်နမ်းလိုက်မိသည်။

~^~^~^~^~^~^~^~^~^~^~^~

တစ်ဖက်မှာတော့...

ကြည်နူးသဒ္ဓါငယ်၏ အဖေ ဦးကောင်းမြတ်သူသည် ည ၈နာရီကျော်တဲ့အထိ သမီးဖြစ်သူရဲ့ သတင်းကို မကြားရသေး၍ ဧည့်ခန်းထဲမှာ ခေါက်ထိုးခေါက်ပြန် လမ်းလျှောက်ရင်း တောက်တခေါက်ခေါက် လုပ်နေတာမို့ အားလုံးက တုတ်တုတ်မျှမလှုပ်ရဲပဲ ငြိမ်သက်နေကြရ၏။

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now