Part - 20

9.3K 246 12
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 20 (Unicode)

ကိုကြီးရဲ့မိဘ‌တွေကို လေဆိပ်လိုက်ပို့ပေးခဲ့ပြီးနောက် ဖူးငုံတို့နဲ့ ချိန်းထားတဲ့ဆိုင်ကို ကိုကြီးက သူကိုယ်တိုင် လိုက်ပို့ပေးသည်။

နှင်းရူပါဦးက ဆိုင်အပြင်ဘက်ကို မြင်ရတဲ့ဘက်မှာ ထိုင်နေတာမို့... နောက်ဆုံးပေါ်မော်ဒယ် အနက်ရောင် Mercedes car ပေါ်ကနေ ဆင်းလာကြတဲ့သူတွေကို စိတ်ဝင်တစားဖြင့် လှမ်းကြည့်လိုက်မိတော့ နူးတို့အတွဲ ဖြစ်နေလျှက်... ဒီလိုမျိုး အတူတူယှဥ်တွဲလိုက်တဲ့အချိန်မှာ နှစ်ယောက်စလုံးက တော်တော်လိုက်ဖက်ပြီး ကြည့်ကောင်းလွန်းနေတာကြောင့်...

"ဝိုးး!!... မိုက်လိုက်တာ..."

ရူပါက တအံ့တသြဖြင့် အိဖူးငုံကိုပါ လက်တို့၍ လှမ်းပြလိုက်မိသည်။

နူးတို့ နှစ်ယောက် အတူတူတွဲ၍ ဆိုင်ထဲကို ဝင်လာကြတော့... ဖူးငုံနဲ့ရူပါတို့ အပါအဝင် ဆိုင်ထဲက စားသုံးသူတချို့ကလည်း လှမ်းကြည့်နေကြတာမို့ သူမရဲ့ ခါးလေးပေါ်မှာရောက်နေတဲ့ သူ့လက်ကို မသိမသာ ဖြုတ်ချနေမိပေမဲ့ အချည်းနှီးသာ ဖြစ်နေရကာ ဒီအတိုင်းဖြင့်သာ ဖူးငုံတို့ ထိုင်နေကြတဲ့ စားပွဲဝိုင်းအနားကို ရောက်လာခဲ့ရသည်။

"ရောက်နေကြတာ ကြာပြီလား..."

ခိုင်မြဲက အရင် ဖူးငုံတို့ နှစ်ယောက်စလုံးကို ပြုံးပြကာ နှုတ်ဆက်လိုက်၏။

"မကြာသေးပါဘူး... မတွေ့တာကြာပြီနော်... ဟဲ! ဟဲ!..."

"ဟိုင်း လူပြိုကြီး... ဟီးး!.. ဟီး!..."

သူမတို့ သူငယ်ချင်းမလေးကို ကားတင်ပြေးသွားတုန်းကတော့ လုံးဝမကျေနပ်ဘူးဟု ဆိုကာ မိုးလားကဲလားနဲ့ ကြွေးကြော်ခဲ့ကြသော်လည်း ခိုင်မြဲ အရှေ့လည်းရောက်ရော ဖူးငုံတို့ နှစ်ယောက်စလုံး မရှိသွားဖြဲ ရယ်ပြနေကြတဲ့ပုံစံက ပါးစပ်က နားရွက်ကို သွားချိတ်မတက်ပင်။

ခိုင်မြဲက သူမလေး ထိုင်ဖို့ ခုံနေရာချပေးကာ ထိုင်စေလိုက်ပြီးနောက်... ဒီဆိုင်က self-service ပဲ ရတာမို့...

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now