Part - 24

8.9K 222 9
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 24 (Unicode)

ညက နှစ်ယောက်စလုံး ပင်ပန်းသွားခဲ့ကြ၍ တည်တံ့ခိုင်မြဲ အိပ်ယာနိုးလာရတော့ တော်တော်နေမြင့်နေပြီဖြစ်ကာ သဲငယ်ကတော့ သူ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သည်။

မျက်နှာလေးပေါ်ကို ဖေးတင်ကျနေတဲ့ ဆံနွယ်လေးတွေကို အသာအယာ ဖယ်ရှားပေးလိုက်ချိန် သဲငယ်ရဲ့ ဝင်းမွတ်ကြည်လင်နေတဲ့ ပါးပြင်ဥဥလေးထက်မှာ သွေးကြောမျှင်လေးတွေကိုပါ အတိုင်းသားမြင်နေရပြီး ထူထဲကော့ညွှတ်နေသော မျက်တောင်စိပ်စိပ်လေးတွေ၊ နှာတံစင်းစင်းဆီမှတဆင့် အမြဲတမ်းလိုလို နုထွေးနီမြန်းနေသော နှုတ်ခမ်းဖူးဖူးလေးတွေကို တစိမ့်စိမ့်ကြည့်နေမိရင်း... တကယ်ပဲ ပိုင်ဆိုင်ခွင့်ရခဲ့ပြီမို့ ခိုင်မြဲ တစ်ယောက် ရင်ထဲမှာ တသိမ့်သိမ့်နွေးသွားသော ခံစားချက်တို့နှင့်အတူ သဲငယ်ရဲ့ နှုတ်ခမ်းသားလေးတွေကို ဖိကပ်စုပ်ယူနမ်းရှိုက်လိုက်မိတော့ မျက်နှာလေးရှုံ့မဲ့သွားလျှက် တစ်ဖက်ကိုလှည့်၍ ပြန်အိပ်သွားလေသည်။

ညတုန်းက သူ့ဒဏ်ကို အတော်လေးခံလိုက်ရ၍ ပင်ပန်းနေရှာမှာမို့ အနားယူစေချင်တာကြောင့် ဆက်အိပ်နေစေလိုက်ပြီး ခိုင်မြဲ အရင် အိပ်ယာထလိုက်၍ ရေချိုးလိုက်၏။

တောင်ကြီးနှင့် ကလောမှာ ကျင်းပမဲ့ မင်္ဂလာပွဲသည် ရန်ကုန်ပွဲနဲ့ တစ်ပတ်ခြားထားတာမို့ ခိုင်မြဲရဲ့ မိဘတွေက မနေ့ညကတည်းက တောင်ကြီးကို ပြန်တက်သွားပြီဖြစ်ပြီး... နူးရဲ့ မိသားစုနဲ့ ဆွေမျိုးတွေကတော့ မင်္ဂလာပွဲ မတိုင်ခင် ၁ရက်လောက် အလိုမှသာ တက်လာကြမှာဖြစ်သည်။

သူတို့နှစ်ယောက်ကတော့ ဒီနေ့လေယာဥ်နဲ့ ပြန်တက်ကြရမှာမို့... ဟိုတယ်ခန်းထဲက ပစ္စည်းတွေကို သိမ်းဆည်းလိုက်ပြီးနောက် သဲငယ်ကို မနိုးမဖြစ် နိုးရတော့မဲ့အချိန်ကို ရောက်လာချိန်မှာတော့...

"ကိုယ့်အသဲလေး... အိပ်ယာထတော့နော်..."

ပါးပြင်ဥဥလေးကို နစ်ဝင်သွားအထိ ဖိနမ်းလိုက်ကာ တိုးလျှညင်သာသောအသံနှင့်အတူ နိုးလိုက်သည်။

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now