Part - 9

6.7K 181 3
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 9 (Unicode)

မနေ့ညက အဖြစ်အပျက်ကြောင့် ကိုကြီးခိုင်မြဲနှင့် မျက်နှာချင်းဆိုင်ရမှာကို ကြည်နူးသဒ္ဓါငယ် ရှက်နေမိတာမို့... ရူပါတို့ breakfast သွားစားကြတာကို ခေါင်းမကြည်လို့ အခန်းထဲမှာပဲ နေခဲ့တော့မယ်ဟု ပြော၍ ဟိုတယ်ခန်းထဲမှာ ကျန်နေရစ်ခဲ့သည်။ နေ့ခင်းပိုင်း လေဆိပ်ကို ဆင်းရမဲ့အချိန်မှသာလျှင် အပြင်ထွက်ဖို့ တွေးထားသလို သူမဆီကို ကိုကြီးခိုင်မြဲ ပို့ထားတဲ့ message တွေကိုလည်း ဖွင့်မဖတ်ဖြစ်ခဲ့ပေ။

အခန်းထဲတွင် နူးက တစ်ယောက်ထဲ ငြိမ်ငြိမ်လေးထိုင်နေမိရင်း မနေ့ညက ပုံရိပ်တွေကို အာရုံထဲကနေ ဘယ်လိုမှ ထုတ်ပြစ်လို့မရပဲ ရှိနေခဲ့ရာ မှန်တင်ခုံပေါ်မှ မှန်ထဲမှာပေါ်နေတဲ့ မျက်နှာလေးက သူမ၏ ရဲစိုနေ‌သောနှုတ်ခမ်းဆီသို့ အကြည့်တွေ ရောက်သွားရတဲ့အခါမှာတော့ ကိုယ့်နှုတ်ခမ်းလေးကို ထိကိုင်ကြည့်နေမိရင်း သူမကို ထိတွေ့နမ်းရှိုက်သွားသော ကိုကြီးခိုင်မြဲ၏ လေးကိုင်းသဏ္ဌာန် မထူမပါးနှုတ်ခမ်းတွေကို ပြန်လည်မြင်ယောင်လာရကာ လှိုက်ခုန်နေသော သူမရဲ့ရင်ခုန်သံတွေကို အတိုင်းသား ပြန်ကြားနေခဲ့ရလျှက်....

တကယ်ဆိုလျှင် သူမတို့နှစ်ယောက်က ဘာမှ မသက်ဆိုင်ကြတဲ့လူတွေ မဟုတ်လား။ နူး ဒီလိုမျိုး ရင်ခုန်နေမိတာက ဖြစ်သင့်ရဲ့လား မသိပေမဲ့... ကိုကြီးခိုင်မြဲကရော သူမ အပေါ်မှာ ဘယ်လိုသဘောထားလို့ ဤကဲ့သို့ ပြုမူရတာလဲ ဆိုတဲ့ အတွေးပေါင်းများစွာနှင့် ဖြစ်နေရလျှက် သူမ၏ ပထမဦးဆုံးသော အနမ်းလေးကတော့ သူမဆီမှ ကြည်ဖြူပေးပါလို့တောင် ခွင့်မတောင်းခဲ့ပါပဲ သိမ်းပိုက်သွားခဲ့ပြီ ဖြစ်သည်။ 

အင်းပေါ့လေ... ခွင့်ပြုချက်တောင်းရအောင်လည်း သူမတို့က ချစ်သူသမီးရည်းစား ပတ်သက်မှုမျိုးလည်း မဟုတ်ခဲ့ကြတော့ သူ့ကို အခွင့်အရေးသမားဟု ကောက်ချက်ချလိုက်၍ ဒီအဖြစ်အပျက်အား မေ့ပျောက်သွားနိုင်ဖို့ပဲ ကြိုးစားတော့မည်ဟု နူး ဆုံးဖြတ်လိုက်တော့သည်။

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now