Part - 33

5.5K 226 13
                                    

🌟"ခိုင်မြဲသောအချစ်တိုနဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 33 (Unicode)

ညက သူတို့နှစ်ယောက် စိတ်တူကိုယ်တူကဲခဲ့ကြပြီး မိုးလင်းခါနီးမှ အိပ်ဖြစ်ကြတာမို့ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေကြစဥ်...

"Ring!.. Ring!..."

ဖုန်းအသံကြောင့် ခိုင်မြဲ တစ်ယောက် အိပ်ချင်မူးတူးနဲ့ သူ့ဖုန်းကို လှမ်းယူကြည့်လိုက်မိတော့ သူ့ PA ခေါ်လာတာဖြစ်နေ၍...

"ပြော သီဟ..."

"ဆရာ စုံစမ်းခိုင်းထားတဲ့ကိစ္စ သိရပါပြီ... ဟိုဘက်က အချက်အလက်တွေကို mail ပို့ပေးထားပါတယ်..."

"အေးး... ငါ mail စစ်ကြည့်လိုက်မယ်..."

ခိုင်မြဲသည် သူ့ရင်ခွင်ထဲမှာ ခွေခေါက်ပြီး အိပ်ပျော်နေဆဲ သူ့အသဲလေး နိုးသွားမှာစိုး၍ အိပ်ယာပေါ်ကနေ အသာအယာထကာ သေချာစောင်ပြန်ခြုံပေးလိုက်ပြီးမှ စာကြည့်ခန်းထဲကို ဝင်လာခဲ့လိုက်သည်။ ထို့နောက် သူ စုံစမ်းခိုင်းထားတဲ့လူဆီမှ ပို့ပေးလာသော အချက်အလက်တွေကို စစ်ကြည့်လိုက်တော့ ခန့်မှန်းထားတဲ့အတိုင်းပဲမို့ မေမေ့ဆီကို ချက်ချင်းဖုန်းခေါ်လိုက်၍...

"မေမေ... သားတို့ ဘွားလေးနဲ့ စကားပြောဖို့ စံအိမ်ကို ဒီနေ့သွားကြရအောင်..."

"စုံစမ်းလို့ ရခဲ့ပြီလား သား..."

"ဟုတ် သိရပြီ မေမေ... သား ခဏနေရင် ထွက်လာခဲ့မယ်... အဲ့ရောက်လာတော့မှပဲ အကျိုးအကြောင်း သေချာပြောပြတော့မယ်နော်..."

ခိုင်မြဲ တစ်ယောက် စံအိမ်ကိုသွားဖို့ ပြင်ဆင်လိုက်ပြီးနောက် သဲငယ် အိပ်ယာနိုးလာလျှင် ရှာနေမှာစိုး၍ သူ စံအိမ်သွားတဲ့အကြောင်းကို notepad ပေါ်မှာ ချရေးခဲ့လိုက်ကာ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေဆဲ သူ့အသဲလေးရဲ့ ပါးပြင်နုနုလးကို ဖိကပ်နမ်းရှိုက်ပြီးမှ အိမ်ကနေ ထွက်လာခဲ့လိုက်သည်။

မောက်ကွမ်စံအိမ်ကို တိုက်ရိုက်မသွားပဲ သူ့မိဘတွေ နေထိုင်တဲ့တောင်ကြီးအိမ်ကို အရင်ဝင်၍ မိဘနှစ်ပါးစလုံးနဲ့ ထိုကိစ္စကို သေချာတိုင်ပင်ဆွေးနွေးကြပြီးမှ စံအိမ်ရှိရာကို ထွက်လာခဲ့ကြသည်။

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now