Part - 25

7.8K 225 6
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 25 (Unicode)

"မိန်းကလေးကို လိုက်ဝင်သွားဖို့ မမကြီးက ခွင့်မပြုပါဘူး..."

"ဟင်!...."

"ဘာ!..."

တားမြစ်ခြင်းခံရတဲ့ နူး ကိုယ်တိုင်လည်း အံ့သြသွားရသလို ကိုကြီးဆီမှလည်း 'ဘာ!...' ဆိုတဲ့အသံသည် ထိုနေရာတွင် ဟိန်းထွက်သွားတာကြောင့် အနီးနားမှာရှိတဲ့ စံအိမ်တော်၏ ဝန်ထမ်းတွေအားလုံးက ကြောက်ဒူးတုန်နေကြလေသည်။

"ဘယ်ကသတ္တိတွေနဲ့ တားမြစ်ရဲတာလဲ... သူ့ကို ဘယ်သူထင်နေလို့လဲ..."

တည်တံ့ခိုင်မြဲဆီက အမိန့်ဆန်လှသော စကားလုံးတို့ကြောင့်... နူး အရှေ့ကနေ တားမြစ်လာတဲ့ ထိုအမျိုးသမီးသည် ချက်ချင်းဆိုလို ဒူးထောက်ထိုင်ချလိုက်၍...

"ကျွန်မကို ခွင့်လွှတ်ပေးပါ..."

"‌ဒေါ်အိချို... ခင်ဗျား ဒီစံအိမ်မှာ အလုပ်အကျွေးပြုလာတာ နှစ်ပေါင်းမနည်းတော့ဘူး မဟုတ်လား... ဘယ်လိုအရာမျိုးကို လုပ်လိုက်ရင် စံအိမ်ရဲ့စည်းကမ်းကို ချိုးဖောက်ရာရောက်မလဲဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်... သိသိရက်နဲ့လုပ်ခဲ့တဲ့ လူတစ်ယောက်က ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုနေတာက မျက်နှာပြောင်တိုက်ရာ မကျလွန်းဘူးလား..."

မောက်ကွမ်စံအိမ်တော်မှာ ဝန်ထမ်းအားလုံးက တလေးတစားဆက်ဆံ၍ အလုပ်ကျွေးပြုပေးကြရတဲ့ အရှင်သခင် ၄ဦး ရှိသည့်အနက် တစ်ဦးက သူမကို စေခိုင်းခဲ့သူ... နောက်တစ်ဦးက ဒီစံအိမ်တော်ရဲ့အရေးကိစ္စတွေကို ပါဝင်ဆုံးဖြတ်လေ့သိပ်မရှိပဲ အေးအေးဆေးဆေးနေထိုင်တက်တဲ့ သခင်မ၏ ခင်ပွန်းဖြစ်သူ ဦးမြဲသာနှင့် ကျန်နှစ်ဦးကတော့ သခင်မ ဒေါ်နန်းထိုက်ယဥ်နဲ့ သခင်လေး တည်တံ့ခိုင်မြဲ တို့ဖြစ်သည်။

ဒေါ်အိချို မရဲတရဲမော့ကြည့်လိုက်မိတော့... တည်တည်ကြည်ကြည်နေတက်ပြီး သဘောကောင်းတဲ့ သခင်လေးရဲ့ မျက်နှာသည် ခါတိုင်းမြင်နေကြ ပုံစံမဟုတ်ပဲ သူမ၏လုပ်ရပ်ကို တော်တော်လေး ဒေါသထွက်နေပုံရကာ အေးစက်တင်းမာနေတာကြောင့်... ဒီအိမ်တော်၏ သခင်မဖြစ်သူ ဒေါ်နန်းထိုက်ယဥ်ဘက်ကို အားကိုးတဲ့အကြည့်တို့နဲ့ ကြည့်လိုက်မိပေမဲ့ ဝန်ထမ်းတွေအ‌ပေါ်မှာ ခွဲခြားဆက်ဆံမှုမရှိပဲ ချစ်ခင်ကြင်နာပေးတက်တဲ့ သခင်မကပါ မျက်နှာပေါ်မှာ မာန်ပါနေလျှက် သခင်လေးကို စိတ်တိုင်းကျဆုံးဖြတ်ရန် ခွင့်ပြုပေးထားသကဲ့သို့...

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now