Part - 13

7.7K 156 4
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 13 (Unicode)

ဖူးငုံတို့ နှစ်ယောက်ကို စားချင်တာ လိုက်ကျွေးမယ်ပြောပြီး date ထားတာကြောင့်... နူး အိမ်ကနေ ထွက်လာခဲ့လိုက်၍ ချိန်းထားတဲ့ဆိုင်ကို ရောက်တော့ ရူပါက အရင်ရောက်နေကာ ဖူးငုံကို မမြင်တာမို့..

"ရောက်နေတာ ကြာပြီလား... ဖူးငုံမ ရော.."

"နင့် ရှေ့လေးတင်ရောက်တာ မကြာသေးဘူး... ဖူးငုံကို ဝင်ခေါ်မလို့ ဖုန်းဆက်သေးတယ်... သူ ဘာသာလာခဲ့လိုက်မယ် သွားနှင့်ဆိုလို့ အရင်လာခဲ့လိုက်တာ..."

ဖူးငုံနဲ့ ရူပါတို့က အိမ်ချင်းနီးတာမို့ ခါတိုင်းဆိုလျှင် ဖူးငုံက ရူပါရဲ့ ကားကို ဂုံးဆင်း၍ လိုက်စီးနေကြဖြစ်သည်။

"အွန်း... ငါတို့ စားဖို့ အရင်မှာထားကြမလား..."

"ဖူးငုံ ရောက်လာမှ မှာကြမယ်လေ... မဟုတ်ရင် သူ စားချင်တာမစားရလို့ အပွါးခံနေရအုံးမယ်... ဒါနဲ့ နူး... နင်က ငါတို့နဲ့ date ရအောင်လို့ ထူးထူးဆန်းဆန်ခေါ်လို့ပါလား... နေမင်းကြီး အနောက်အရပ်ကနေ ထွက်တော့မယ် ထင်တယ်..."

သူငယ်ချင်း၃ယောက်ထဲမှာ ကြည်နူးသဒ္ဓါငယ်က အိမ်အကပ်ဆုံးဖြစ်ပြီး... အရင်တုန်းကဆိုလျှင် ရူပါနဲ့ ဖူးငုံတို့ကသာ အကြောင်းမရှိ အကြောင်းရှာ၍ နူးကို အပြင်ခေါ်ထုတ်လေ့ရှိကာ ဒီတစ်ခါမှာတော့ နူး ဘက်က အရင်စပြီး date တာမို့ ထူးဆန်းနေ၏။

"ဒီတိုင်းပဲ ဘာရယ်လို့ မဟုတ်ပါဘူး... ငါတို့ ကလောကနေ ပြန်လာကတည်းက မတွေ့ဖြစ်ကြတာ မဟုတ်ဘူးလား... အဟင်း!.. ဟင်း!..."

သူငယ်ချင်းတွေကို ဘယ်ကနေ ဘယ်လိုစကားစ၍ ပြောပြရမလဲ တွေးတောရင်း နူး တစ်ယောက် မလုံမလဲနဲ့ အရှက်ပြေ တဟင်းဟင်းနဲ့ ရယ်နေလိုက်မိသည်။

"အွန်း... အာ့တော့ ဟုတ်တယ်... ခါတိုင်းဆိုရင် ငါတို့ ကျောင်းပိတ်ရက် မတွေ့ဖြစ်ကြရင်တောင် ကျောင်းမှာတွေ့ဖြစ်နေတော့ သိပ်မသိသာပေမဲ့ အခုကြ တကူးတကချိန်းပြီးတော့ date ကြရတော့မှာနော်...."

ထိုစဥ် အိဖူးငုံ တစ်ယောက် စူပုတ်နေတဲ့ မျက်နှာနဲ့ ဆိုင်ထဲကို ဝင်လာသည်။

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now