Part - 5

6.9K 157 2
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 5 (Unicode)

မြန်မာနိုင်ငံတွင် ရေပြာအိုင် ၃ခုရှိပြီး ရှမ်းပြည်တောင်ပိုင်း ရွာငံဒေသက တောကျယ်ရွာမှာရှိတဲ့ မြသပိတ်ရေပြာအိုင်သည် တစ်ခုအပါအဝင်ဖြစ်ကာ ရွာငံသို့ သွားရာလမ်းဘေးဝဲယာ တစ်လျှောက်သည်လည်း တောင်ယာစိုက်ခင်းတွေ၊ စိမ်းစိုတောက်ပနေတဲ့ တောင်တန်းကြီးတွေနဲ့ လွန်စွာလှပလွန်းလေသည်။

သူတို့အဖွဲ့သည် ၇၀ပေ ပတ်လည်လောက် ကျယ်ဝန်းသော ကြည်လင်ပြာလဲ့နေတဲ့ မြသပိတ်ရေပြာအိုင်၏ ထူခြားဆန်းကျယ်နေမှုကို စူးစမ်းလေ့လာကြည့်ရှု့ပြီးနောက်... ရေပြာအိုင်ကနေမှတဆင့် ရေပြာစမ်း သုံးထပ်ရေတံခွန်ဘက်သို့ ဆက်လက်ချီတက်လာခဲ့ကြပြီး ရေတံခွန်ကိုသွားရာလမ်းသည် အနည်းငယ်လမ်း ကြမ်းတာမို့ ခပ်ဖြည်းဖြည်းသာမောင်းလာခဲ့ရပြီး သိပ်မကြာခင်မှာပဲ ရေပြာစမ်းရေတံခွန်ကို ရောက်ရှိလာသည်။

ရေတံခွန်ဘက်ကို လမ်းလျှောက်လာခဲ့လိုက်ကြပြီး ရေတံခွန်ရှိရာအောက်သို့ ဆင်းရမည့်နေရာလေးသည် စိမ်းစိုတောက်ပနေတဲ့ တောင်တန်းအလှတွေကို အပေါ်စီးကနေ မြင်နေရတာမို့ တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန်ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ဖြစ်နေလေတော့၏။

ရေတံခွန်ရှိရာသို့ လှေကားတွေကနေ ဆင်းလာခဲ့ကြပြီး ရောက်သွားသည်နှင့် လွန်စွာလှပတဲ့ ရေတံခွန်ကြီးက ဆီးကြိုနေလျှက် အပေါ်ကနေ တသွင်သွင်စီးကျလာသော ရေကျသံတွေက သာယာနာပျော်ဖွယ်ကောင်းလွန်းနေတာမို့ ပင်ပန်းနေတဲ့စိတ်တွေကို လန်းဆန်းသွားစေတဲ့အထိ စွမ်းဆာင်နိုင်လေသည်။

ကြည်လင်နေသောစိမ့်စမ်းရေတွေ တသွင်သွင်စီးဆင်းနေတဲ့ မြင်ကွင်းအလှတို့ကို ကြည့်ရှု့ခံစားရင်း ရေတံခွန် ပတ်ပတ်လည်ကို လျှောက်လာခဲ့ကြတော့ သူတို့လိုပဲ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တချို့က ကျောက်ကမူတွေပေါ်နေတဲ့ ရေအလယ်လောက်မှာ ရေဆော့နေကြရင်း အလှဓာတ်ပုံရိုက်နေကြတာမို့  နူး စိတ်ဝင်တစား ကြည့်လိုက်မိသည်။

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now