Part - 30 (Unicode)

7.2K 238 8
                                    

🌟"ခိုင်မြဲသောအချစ်တိုနဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 30 (Unicode)

တည်တံ့ခိုင်မြဲ၏ ရုံးခန်းထဲမှာ laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေသော ကြည်နူးသဒ္ဓါငယ်က စာရင်းဇယားတွေအပေါ်မှာသာ အာရုံစူးစိုက်နေလေသည်။

ဒီရက်ပိုင်းတွေမှာ နူးကို လုပ်ငန်းနဲ့ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် စီမံခန့်ခွဲမှုအပိုင်း၊ စာရင်းဇယားပိုင်း စတဲ့.. လုပ်ငန်းအကြောင်းအရာတွေကို ကိုကြီးက သူကိုယ်တိုင် သေချာရှင်းပြ သင်ပြပေးကာ အနီးကပ်သင်ယူစေပြီး... တချို့လုပ်ငန်းပိုင်းတွေအား ကိုကြီးကို ကူညီလုပ်ကိုင်ပေးနေတာမို့ နူး တစ်ယောက် လုပ်ငန်းနဲ့ပတ်သက်တဲ့အရာတွေကို တော်တော်လေး ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။

အလုပ်လုပ်နေလျှင် ဘေးပတ်ဝန်းကျင်လည်းမေ့ကာ အလုပ်ပေါ်မှာသာ အာရုံစူးစိုက်တက်တဲ့ သူ့အကြည်ဓာတ်လေးကို ခိုင်မြဲ လှမ်းကြည့်လိုက်မိသည်။ သူမလေး ပင်ပန်းမှာစိုးလို့ မလုပ်စေချင်ပေမဲ့ ဘာမျှ မသိနားမလည်တာမျိုးလည်း မဖြစ်စေချင်၍ လုပ်ငန်းအကြောင်းကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်လောက်သာ ရည်ရွယ်ပြီး လုပ်စေခဲ့တာပါ။ သို့သော် သူ့သဲငယ်လေးက အရမ်းတော်ပါတယ်... သူ သင်ပြပေးသမျှကို လိုက်လုပ်နိုင်စွမ်းရှိတာမို့ လုပ်ငန်းအကြောင်းအရာတွေကို အချိန်တိုအတွင်းမှာ နားလည်နေပြီဖြစ်သည်။

ခိုင်မြဲက လုပ်လက်စတွေကို ချထားခဲ့၍ သူ့အလုပ်စားပွဲကနေ ထသွားလိုက်ပြီး သဲငယ်ရဲ့ ဘေးမှာ ဝင်ထိုင်ကာ အနောက်ကနေ ကိုယ်လုံးလေးကို သိုင်းဖက်လိုက်ပြီး ပါးပြင်ဥဥလေးကို နစ်ဝင်သွားတဲ့အထိ ဖိကပ်နမ်းရှုံ့ပြစ်လိုက်ရင်း...

"မွ!... မွ!..."

"နားနားနေနေလုပ်ပါ အသဲရယ်..."

"အွန်း... Bagan က စာရင်းတွေပဲ ကျန်တော့တာ ပြီးတော့မှာပါ..."

နူးရဲ့ မျက်ဝန်းတွေက screen ပေါ်မှာပဲ အာရုံစိုက်ကြည့်၍ လက်ကလေးတွေကလည်း ကီးဘုတ်ပေါ်မှာ ပြေးလွှားလှုပ်ရှားနေရင်း ပြန်ဖြေလိုက်မိတာကြောင့်...

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now