Part - 6

6.8K 159 6
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 6 (Unicode)

ကြည်နူးသဒ္ဓါငယ်တို့ ကလောကို ရောက်နေကြတာ ၄ရက်မြောက်နေ့ကို ရောက်လာပြီမို့ ဒီနေ့တော့ အင်းလေးဘက်ကို သွားကြမှာဖြစ်ပြီး... တည်တံ့ခိုင်မြဲရဲ့မိဘတွေက အိမ်ကိုလာလည်ကြဖို့ ဖိတ်ခေါ်နေတာမို့ တောင်ကြီးမြို့ကို ဆက်သွား၍ ခိုင်မြဲတို့အိမ်မှာ တစ်ညသွားအိပ်ကြမှာ ဖြစ်သည်။

"ကလေးတွေ လမ်းမှာစားဖို့ မုန့်ဝယ်ကြအုံးမလား..."

အင်းလေးကို သွားရာလမ်းတွင် အစားမက်တဲ့ ကလေးတွေကို ကောင်းမာန်က လှမ်းမေးလိုက်တော့...

"အွန်းး... ဝယ်မယ်..."

Convenience store တစ်ခု၏ အရှေ့မှာ ကားရပ်ပေးလိုက်တော့ မိန်းကလေးတွေက ကိုယ်စားချင်တဲ့မုန့်ကို စိတ်ကြိုက်ရွေးယူလာခဲ့ပြီး ငွေရှင်းကောင်တာမှာ ငွေရှင်းချိန်တွင်...

"ဒီ MAMEE Monster ထုပ်တွေက ဘယ်သူ ယူလာတာလဲ..."

ရူပါက ခြင်းထဲမှာထည့်ထားတဲ့ MAMEE Monster ထုပ်တွေကို ကြည့်၍ မေးလိုက်သည်နှင့်...

"ငါ စားမလို့ ယူလာတာ..."

ငယ်စဥ်အခါက သူမတို့အပါအဝင် ကလေးတိုင်းလိုလို စားဖူးကြတဲ့ MAMEE Monster ထုပ်လေးတွေကို တွေ့လိုက်ရတော့ ပြန်စားချင်စိတ်ပေါက်လာတာမို့ နူးက မုန့်ခြင်းတောင်းထဲကို ကောက်ထည့်လာခဲ့တာဖြစ်သည်။

"ကလေးကလားနဲ့..."

"အမယ်... ငယ်ငယ်တုန်းကဖြင့် လုစားခဲ့ကြပြီးတော့... ပြီးမှ လာတောင်းမစားနဲ့...."

"မစားဘူး..."

ကားပေါ်ကို ပြန်ရောက်လာတော့ နူး တစ်ယောက် သက်သက်ညစ်ချင်တာမို့ ရူပါနဲ့ ဖူးငုံ အရှေ့မှာ MAMEE Monster တစ်ထုပ်‌ကို ဖောက်လိုက်၍ တစ်ကြွပ်ကြွပ်နဲ့ စားပြလိုက်တော့ မနေနိုင်တော့တဲ့ ဖူးငုံက...

"နူး... ငါ့ကို တစ်ထုပ်ကျွေး..."

"နင်တို့ပဲ ခုနကတော့ ကလေးကလားမုန့်ဆို... ရော့..."

"ဟိုလူကြီးမကြီးရေ စားချင်နေတာကို အိုက်တင်ခံမနေပါနဲ့... အွန့်..."

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now