အရင်ဦးဆုံး ပိုနီပြောချင်တာက မြန်မာနိုင်ငံမှာရှိတဲ့ ကျေးလက်တောရွာအညာဒေသရဲ့ ဓလေ့တွေကို အခြေခံပြီး fanfiction ကို ပုံဖော်သွားမှာဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးလေးပဲ သွားမှာပါ။စာဖတ်သူတွေကို ရယ်မောပျော်ရွှင်နိုင်စေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်အောင် ဖန်တီးမယ်လို့တော့ မျှော်လင့်ထားပါတယ်။ ဒါကတော့ ရယ်ရခြင်း၊မရယ်ရခြင်းက ပိုနီ့စွမ်းဆောင်နိုင်မှုပေါ်မှာပဲ မူတည်တာပေါ့ နော့ ^><^
နောက်ပြီး ဒီဇာတ်လမ်းထဲက ရွာနာမည်တွေက အပြင်မှာတူတာရှိခဲ့ရင် တိုက်ဆိုင်မှုတစ်ခုပါပဲ။မြန်မာနိုင်ငံရဲ့ ရိုးရာဓလေ့ လူနေမှုပုံစံကိုသာ မှီငြမ်းထားတာဖြစ်တဲ့အတွက် အမည်နာမတွေက စိတ်ကူးယဉ်ထားခြင်းသပ်သပ်ပါပဲနော်။ဖတ်နေကျပုံစံတွေထက် အနည်းငယ်ကွဲပြားပြီး အမိမြေက ချစ်စရာဓလေ့တွေနဲ့အတူ ကိုယ့်လူတွေကို တွဲပြီးမြင်ယောင်ပုံဖော်ကြည့်ရမှာဖြစ်တဲ့အတွက် ပိုနီကိုယ်တိုင်လည်းပဲ စိတ်လှုပ်ရှားမိပါတယ်။
အထူးသဖြင့် JJK ကို ဒီဇိုင်းဆန်းဆန်း၊တန်ဖိုးကြီးအသုံးအဆောင်တွေနဲ့ ခပ်ဟော့ဟော့ ဘဲကြီးတစ်ယောက်အသွင်မျိုးနဲ့မဟုတ်ပဲ ပုဆိုး၀တ်ပြီး စွပ်ကျယ်ဂျိုင်းပြတ်နဲ့အတူ တောင့်တင်းထွားကြိုင်းတဲ့ခန္ဓာကိုယ်နဲ့ အားကိုးချင်စရာကောင်းမယ့် အညာသားပုံစံအဖြစ် ရင်ခုန်နေပြီဆိုရင် Ongoing လိုက်ခဲ့ကြရအောင်လား....။
အားလုံးကို ၀မ်းမလီးဝဲလ်ခမ်းးးးးပါဗျို့🤸🏻♀️
17/1/2024 🤍

YOU ARE READING
နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်
Fanficစကားတတ်တဲ့ ရွာသူကြီးသားနဲ့ မြို့သားလေးဆရာ၀န်တို့ရဲ့ အချစ်ဇာတ်လမ်း ~~ 🍂💕