အခန်းရှေ့မှာရုပ်ရုပ်သဲသဲဖြစ်တာတောင် သမုတိမ်လွှာခေတ်သွေးကိုသာစိုက်ကြည့်မိသည်။
အခန်းထဲက လူတွေရဲ့စသံတစ်ချို့ကိုကြားရမှသတိပြန်ကပ်လာသည်။
"ခများက ကျွန်တော်ကိုရည်းစားစကားပြောနေတာလား! "
"ဟုတ်တယ် ဒို့ဘက်က စပြီးပြောလိုက်တာဆိုတော့ မင်း ဒို့ကိုအထင်မသေးပါနဲ့ "
မိန်းကလေးတစ်ယောက်ကို လူတွေအများကြီးကြည့်နေတဲ့ထဲမှာ သမုသာငြင်းလိုက်ရင်ထိုမိန်းကလေးအရှက်ကွဲလိမ့်မည်။
သမုလဲ နှမချင်းကိုယ်ချင်းစာတာမို့ ထိုမိန်းကလေးကိုပင် ခနမျှတွဲပေးဖို့စဉ်းစားလိုက်သည်။
"အင်း ဒါဆိုကျွန်တော်တို့တွဲကြတာပေါ့! !!"
"ဝမ်းသာလိုက်တာ သမုအတ္တညိုရယ် ဒို့ကငြင်းမယ်ထင်တာ ဒါနဲ့ ဒို့က ေနဝသုန်နီ ! သမုအတ္တညိုကိုတော့ မောင်လို့ခေါ်မယ်နော်!"
နေဝသုန်နီဆိုသည့် ကောင်မလေးက သမုကိုဝမ်းသာရားရပြောလာတာကြောင့် သမုလဲ မိန်းကလေးတစ်ယောက်ကိုစာနာထောက်ထားသည့်အနေဖြင့် ခေါင်းသာငြိမ့်ပြလိုက်တော့သည်။
"ကျောင်းဆင်းတော့မယ် မောင် ဒို့ဟိုနားက အပင်အာက်မှာစောင့်နေမယ်"
"အင်း ကျွန်တော်လာခဲ့မယ် သွားနှင့်လိုက်"
သမုလဲ နေဝသုန်နီကို အရင်သွားခိုင်းလိုက်ပြီး သူ့ရဲ့လွယ်အိပ်ကိုအမြန်သွားယူကာ လင်းဝေ၊ကောင်းစစ်တို့နဲ့ နေဝသုန်နီစောင့်နေတဲ့သစ်ပင်နားကို လျောက်သွားလိုက်သည်။
"အမ မုန့်လိုက်ဝယ်ကျွေးသင့်တယ်နော်"
"ကောင်းစစ်ကလဲ မုန့်လောက်နဲ့ဘယ်ဝမလဲ ဒန်ပေါက်တို့ ခေါက်ဆွဲကြော်တို့လောက်မှဝမှာ"
"ဟိတ်ကောင် နေဝသုန်နီကိုအားနာစရာ မင်းတို့စားချင်ရင် အိုးပေါက်တော့ရမယ်စားမလား"
"ရပါတယ် နီ ဒကာခံပါ့မယ် မောင်လာလေ"
နေဝသုန်နီက လင်းဝေတို့ကိုပြုံးပြပြီးပြောကာ သမုလက်ကိုဆွဲကာ ကျောင်းရဲ့အနောက်ဘက်မှာရှိတဲ့ ခေါက်ဆွဲဆိုင်ထဲကိုခေါ်လာလိုက်သည်။