Last night.....
တီးတောင်...တီးတောင်....
"သမီးရေအိမ်ရှေ့မှာဘယ်သူလဲမသိဘူး ညကြီးအချိန်မတော်ကွယ်"
"ဟိုကောင်နေမှာပေါ့ အခုမှပြန်လာတာ အပြင်မှာပဲအိပ်ခိုင်းလိုက်တော့မေမေ"
"သွားကြည့်စမ်းပါအုံး"
"ဟာမေမေကလဲဒီမှာ ဆံပင်ဖီးနေတယ်လေ"
"အေငါပဲသွားကြည့်လိုက်မယ်"
ဒေါ်ဒေါ်လဲ သူ့သမီးအကြောင်းကိုသိတာနဲ့သူကိုယ်တိုင်ပဲအိမ်ရှေ့ကို ထွက်လာလိုက်သည်။
ခြံတံခါးကိုမဖွင့်သေးပဲ အရပ်ရှည်ရှည်အသားဖြူဖြူခပ်ချောချောကောင်လေးတစ်ယောက်ကိုအဒေါ်ကြီခနမျှကြည့်မိသည်။"ဒေါ်ဒေါ် ကျွန်တော်က ကောင်းစစ်သက်တန့်ပါ သမုအတ္တညိုလွှတ်လိုက်တာပါ"
"အော်အေ ဒါဆိုအိမ်ထဲဝင်အုံးအပြင်မှာမှောင်နေပြီမကောင်းဘူး"
အဒေါ်ကြီးလဲ ခြံတံခါးဖွင့်ပေးကာ ကောင်းစစ်ကိုအရှေ့မှသွားခိုင်းပြီး ခြံတံခါးကိုသေချာပြန်ပိတ်ကာ ကောင်းစစ်ရဲ့ပုံစံကိုအကဲခတ်နေသည်။
"ဒီဘက်မှာထိုင် ဒါနဲ့ဘာကိစ္စရှိလို့လဲ"
"ဟုတ်ကဲ့ သမုအတ္တညိုက ဒီဟာလေးပေးခိုင်းလိုက်လို့ပါ"
ကောင်းစစ်သူ့ဘေးကအထုတ်ကိုထုတ်ကာ စာပွဲပေါ်တင်လိုက်သည်။ထိုအထုတ်ထဲကပိုက်ဆံတွေကိုမြင်တော့အဒေါ်ကြီးမျက်လုံးနှစ်ဖက်ပြူးသွားသည် ခနမျှအံ့ဩစိတ်ကိုပြန်ထိန်းကာ ကောင်းစစ်ကို အပြုံးဖြင့်စကားပြန်ပြောသည်။
"ဒါကဘာအတွက်လဲ မလိုပါဘူးလို့ပြောပေးပါကွယ်"
"ဒါကအလကားပေးတာမဟုတ်ပါဘူး"
"ဒါဆိုဘာအတွက်လဲ"
"တိမ်လွှာခေတ်သွေူနဲ့မပတ်သတ်ဖို့ပါ ဒါနည်းသေးရင် ထပ်တိုးပေးလို့ရပါသေးတယ် ဒီမှာစာချုပ်ပါ တိမ်လွှာခေတ်သွေးနဲ့မပတ်သတ်ဖို့ပေးတာပါ ဒေါိဒေါ်"
"မပတ်သတ်နဲ့ဆိုလဲမပတ်သတ်ပါဘူး ဒီပိုက်ဆံတွေကအရမ်းများနေတော့မယူရက်ပါဘူး နောက်ပြီးတူလေးကိုရောင်းစားသလိုဖြစ်နေမှာဆိုးလို့ပါ မယူပါရစေနဲ့"