အိမ်ပြန်တာနောက်ကျနေပြီဖြစ်တာကြောင့်လမ်းကိုခပ်သွပ်သွပ်လျောက်ရသည်။ခေတ်သွေးသူ့ရဲ့အနောက်ကိုတစ်ယောက်ယောက်လိုက်လာသည်ဟုထင်ကာ လမ်းကိုအမြန်လျောက်ကာ အိမ်ကိုအမြန်ရောက်ပါစေတော့ဟုသာစုတောင်းမိနေသည်။
"အာ့...ခများ လန့်လိုက်တာ"
"ငြိမ်ငြိမ်နေ မလှုပ်နဲ့"
သမုကခေတ်သွေးကိုလှမ်းဆွဲလိုက်ကာ နံရံကြားတွင်တိုးတိုးနေဖို့ပြောသည်။ဘာလို့လဲဆို ခေတ်သွေးနောက်ကို ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်လိုက်လာသည်မို့လေ။
"ခများ ဘာလုပ်တာလဲလွှတ်စမ်း"
"မလွှတ်တော့ ဘာလုပ်ချင်လဲ"
"အာ့ အ့ အားးး"
ခေတ်သွေးကသမုရဲ့ခြေထောက်ကိုတက်နင်းချလိုက်သည်။အဲ့တော့မှသမုလဲခေတ်သွေးကို လွှတ်ပေးလိုက်ကာ မျက်မှောင်ကြုံ့ပြီးကြည့်လေသည်။
"ခများ အရမ်းပြုစားလွန်းတယ် တိမ်လွှာခေတ်သွေး"
"ဟင် !"
ခေတ်သွေးက ကြောင်တောင်တောင်လေးဖြင့်သမုကိုကြည့်နေသည်။ခေတ်သွေးကြည့်နေတာကိုသမုမှာအသဲယားလာကာ နမ်းလိုက်သည်။
ပြွတ်~~
"ခများဘာလုပ်တာလဲ"
"နမ်းတာလေ မကျေနပ်ရင် ကျုပ်ကိုပြန်နမ်းလို့ရတယ်"
သမုက ခါးကိုကိုင်းကာ ခေါင်းလေးငုံ့ကာ ခေတ်သွေးရဲ့မျက်နှာနားကိုတစ်ဖြေးဖြေးတိုးလို့လာသည်။
"ဖယ်စမ်း ငါကယောက်ျားတစ်ယောက်နော် မိန်းကလေးမဟုတ်ဘူး "
"ယောက်ျားလား ဒါဆိုဘာလို့အဲ့နှုတ်ခမ်းတွေက ကျုပ်ကိုဘာလို့အရမ်းပြုစားနေတာလဲ"
သမုရဲ့ရင်ဘက်ကို တွန်းကာ ဖယ်ဖို့ပြောသည်။
သမုရဲ့ရှေ့ကနေ အိမ်ကိုပြန်တဲ့လမ်းကိုအမြန်ပြန်ရသည်။"ဒီနေရာတွေက မလုံခြုံဘူး ကျုပ်ရင်ခွင်ထဲမှာနေ"
ခေတ်သွေးရဲ့ခန္ဓာကိုယ်သေးသေးလေးကို သူ့ရဲ့ရင်အုပ်ကျယ်ထဲထည့်ကာပွေ့ဖက်ထားလေသည်။
"ငါပြန်နေကျ ခများဖယ်တော့"
"အိမ်ရှေ့ထိလိုက်ပို့မယ်"
