နာရီဝက် မောင်းပြီးတာနဲ့ Hotel တစ်ခုကိုရောက်သည်။ထိုဟိုတယ်သည် အကောင်းတစ်ကအကောင်းဆုံးတစ်ခုပင်ဖြစ်သည်။
"ကားပေါ်ကဆင်းခဲ့"
"ဟင့်အင်း..."
"ကျုပ်ကိုလာချီစေချင်တာလား"
ကားပေါ်ကမဆင်းပဲ ပေကပ်ကပ်လုပ်နေသည့်ခေတ်သွေးအား ကားတံခါးဆွဲဖွင့်ကာ ချီဟန်လုပ်တော့သည်။
"အာ...မချီနဲ့ ငါ့ဘာသာလာမယ်"
"အင်း !"
ခေတ်သွေးလဲကားပေါ်ကဆင်းလာကာ Hotel ထဲသို့သမုနဲ့လိုက်ဝင်သည်။ ခေတ်သွေးHotel၏အပြင်အဆင် သပ်ရက်ပုံကိုလိုက်ကြည့်နေမိသည်။
"ဘာရပ်လုပ်နေတာလဲ ဒီမှာလာထိုင်"
ခေတ်သွေးလဲခေါင်းတစ်ချက်ငြိပ့်ပြကာ သမုထိုင်နေသည့်စားပွဲခုံမှာဝင်ထိုင်လိုက်သည်။
"ဘာစားချင်လဲ ကြိုက်တာမှာ"
သမုစာပွဲပေါ်က Menu ပေးကာ ပြောလေသည်။သူလဲ Menu တစ်ခုယူကာ ဘေးမှာရက်နေသည့် ဝိတ်တာကောင်လေးကိုမှာနေတော့သည်။
"Fruit milk နှစ်ခွက်၊ chillicrab၊ Nasipadang၊ stay၊ Hokkienprawnme၊
Tohugejrot၊ Pentol၊ ceblakceker၊Nasilemak၊ yongtaufoo၊ ဒါပဲ အချစ်မှာချင်တာရှိသေးလား"ဝိတ်တာကောင်လေးအား သမုမှာပြီးတာနဲ့ထွက်သွားသည်။သမုလဲခေတ်သွေးကိုကြည့်ကာမေးလေသည်။ခေတ်သွေးဘာတစ်ခုမှမမှာရသေးပေ Menu ကိုကြည့်နေတုန်းသမုကပင်မှားထားတာ တစ်ဆိုင်းလုံးရဲ့ Menu ပင်ဖြစ်နေသည်။
"အချစ်ဘာမှာချင်သေးလဲလို့"
"မင်းမှာထားတာ တစ်ဆိုင်းလုံး Menu ဖြစ်နေပြီလေ ငါကဘာထပ်မှာရမှာလဲ"
"အချစ်ကလဲ ကိုကိုကစားစေချင်လို့ပါ"
သမုရဲ့အသံပင် ပျော့ပြောင်းနေသည်။ခေတ်သွေးအားကြည့်သည့်မျက်ဝန်းတို့ကလဲနူးညံနေသည်။
ခနမျှကြာတော့ သမုမှာထားသည့် ဟင်းပွဲများကို တွန်းလှည်းနဲ့လာပို့သည်။ဟင်းပွဲများသည်အလွန်များနေတာ ကြောင့်စားပွဲတွင်ပြည့်လို့နေသည်။ဒါတောင်ထပ်မှာခိုင်းနေသေးသည်။
ခေတ်သွေးဟင်းပွဲများကိုကြည့်လျက် သရေကျမိသည်။ဘယ်ဟာကိုဘယ်လိုစားရမလဲစဉ်းစားနေတုန်းသမုက သူ့ပန်းကန်ထဲကို ပုဇွန်တစ်ကောင်အခွန်ခွာလျက်ထည့်ပေးသည်။