ပန်းကန်ဆေးပြီးတော့ ညဆယ်နာရီပင်ထိုးနေပြီ မိုးလည်းအရမ်းချုပ်နေပြီဖြစ်တာကြောင့်သမုကို ခေတ်သွေးရဲ့အဒေါ်ကဒီမှာပဲအိပ်လိုက်ပါလားလို့ပြောသည်။
"မိုးချုပ်နေပြီ ဒီမှာပဲအိပ်လိုက်လေ မနက်မှစောစောပြန်ပေါ့"
"ဟုတ်ကဲ့ တိမ်လွှာခေတ်သွေးအခန်းမှာလိုက်အိပ်လို့ရတယ်မလား"
"ရတာပေါ့ အဒေါ်လဲအိပ်တော့မယ်"
အဒေါကြီးကပြောပြီးတာနဲ့ သူလဲသူ့အခန်းထဲကိုသွားတော့သည်။
သမုကတော့ကြိတ်ပြောလို့ ခေတ်သွေးကတော့သမုနဲ့မအိပ်ရဲပေ။"လာလေအိပ်မယ်"
"ငါ တစ်ခြားနေရာမှအိပ်မယ်"
"မရဘူး ခြင်ကိုက်မယ် ဒီမှာလာအိပ်"
ခေတ်သွေးလက်ကောက်ဝတ်ကိုလှမ်းဆွဲက ကုတင်ပေါ် ထိုင်ခိုင်းလိုက်သည်။
"ဆောင်အပိုရှိလား"
"အင်း"
"ရှိရင်ပေး"
ခေတ်သွေးက ထပ်ခိုးမှာသေချာထုတ်ထားသည့် အထုတ်ကိုယူကာ ထိုအိပ်ထဲမှာဆောင် အပြာလေးတစ်ထည်ကိုသမုအားပစ်ပေးလိုက်သည်။
သမုကထိုဆောင်လေးကိုကြမ်းပြင်မှာခင်းလိုက်သည်။
"ဘာလုပ်ဖို့လဲ"
"အိပ်မလို့လေ"
"ခများ ! ကုတင်မှာလာအိပ် ငါအဲ့မှာအိပ်မယ်"
"ရတယ် ကုတင်မှာပဲအိပ် ! ကျုပ်ကအိပ်တက်တယ်"
သမုက ကြမ်းပြင်မှာအိပ်ကာ ခေတ်သွေးက ကုတင်မှအိပ်သည်။နှစ်ယောက်လုံးတစ်ယောက်အိပ်မပျော်ကြပေ။အတွေးကိုယ်စီဖြင့် သက်ပြင်းများချနေမိသူကခေတ်သွေး။
"တိမ်လွှာခေတ်သွေး "
"ဟင်"
"မင်းငါ့ကိုသဘောမကျတဲ့အချက်တွေရှိလား"
သမုကခေါင်မိုး အောက်ကမျက်နှာချက်ကိုကြည့်လျက်မေးသည်။
ခေတ်သွေးချက်ခြင်းပြန်မဖြေပဲ ခနမျှကြာမှဖြေလိုက်သည်။
"ဟင့်အင်း ငါမသိဘူး"
(မင်းကပြီးပြည့်စုံလွန်းတယ် ငါလိုသူများအိမ်မှာ ကပ် နေရတဲ့ကောင်နဲ့မတန်ပါဘူးသမုအတ္တညိုရယ်...)