"သားနဲ့နှင်းပွင့်လွှာကိုစေ့စပ်ပေးထားမလို့"
"ဗျာ! !!"
မေမေပြောလိုက်သည့်စကားကြောင့် သမုမျက်လုံးတို့ပင်ပြုးကျယ်သွားကာ လည်ဇလုတ်ပင်အထက်အောက် ရွေ့လျားသွားရသည်။
"ကျွန်တော်လက်မခံဘူးမေမေ"
"မရဘူးသား လူကြီးချင်းပြောပြီးသွားပြီ"
"မေမေကဗျာ ကျွန်တော်ကိုအသိမပေးပဲလုပ်ချင်ရာပဲလုပ်တယ် ဒါပေမဲ့သားဒီစေ့စပ်ပွဲကိုလုံးဝလက်မခံဘူး"
"မင်းမေမေကိုလွန်ဆန်လို့မရဘူး လွန်ဆန်ဖို့လဲမကြိုးစားနဲ့ ဝေဟန်နန်းညိုဆိုတဲ့မိန်းမကဘယ်လိုလူမျိုးဆိုတာမင်းသိပါတယ် နောက်တစ်လနေရင်စေ့စပ်ပွဲလုပ်မယ်"
ဒေါ်ဝေဟန်နန်ညိုလဲပြောပြီးတာနဲ့အပေါ်ထက်ကိုတက်သွားသည်။သမုလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာ အံကိုတင်းတင်းစေ့ထားမိသည်။
အခုမှတွေ့သည့်မိန်းကလေးကို ဘယ်လိုစိတ်နဲ့သူကလက်ထက်ရမလဲ။နောက်ပြီးနှင်းပွင့်လွှာဆိုသည့် မိန်းကလေးအပေါ်သမုဘာစိတ်မှမခံစားရပေ။မချစ်မနှစ်သက်တဲ့မိန်းမတစ်ယောက်ကိုချစ်လာအောင်လုပ်ယူဖို့ဆိုတာကလဲမဖြစ်နိုင်။
ကျွန်တော်ရဲ့စိတ်ထဲမှာ တိမ်လွှာခေတ်သွေးဆိုတဲ့ကောင်ပေါက်လေးပဲရှိတယ်။နောက်ပြီးသူသည်သာ ကျွန်တော့်ရဲ့နှလုံးသားတံခါးကိုဖွင့်နိုင်မဲ့သော့ချက်ပဲ...။
သမုစာပွဲပေါ်မှာရှိသည့်ကားသော့လေးကိုဆွဲကာ ခေတ်သွေးအလုပ်လုပ်နေသည့်ဆိုင်လေးကိုသွားတော့သည်။ဆိုင်ရှေ့ကိုကားထိုးရက်လိုက်ပြီးဆိုင်ထဲသို့ဝင်သွားသည်။
"ဆိုင်ပိတ်ပါပြီ ! ခ...ခများ ဘာလာလုပ်တာလဲ"
ခေတ်သွေးရုတ်တရက်သမုကိုမြင်လိုက်ရတာကြောင့် လန့်သွားရသည်။စကားများပင်တစ်နေရချင်းပင်။
သမုသည် ခေတ်သွေးရဲ့ရှေ့ကိုတစ်ဖြည်းဖြည်းတိုးလျက် ခေတ်သွေးကိုစိုက်ကြည့်သည်။ခေတ်သွေးလဲ သမုရဲ့အကြည့်များကိုရုန်းမထွက်နိုင်တာကြောင့်မျက်နှာပင်လွှဲလိုက်သည်။