part -23*_*

1.2K 43 0
                                    

ဒီနေ့နဲ့ဆိုသမုပြန်မလာတာ တစ်ပတ်ရှိနေပြီ။ဘာအကြောင်းမှလည်းမကြားသလို ဘာမှလည်းမပြော။ကိစ္စတစ်ခုခုရှိရင်တောင် ခေတ်သွေးကိုမပြောချင်ဘူးဆို သျှားထက်ကိုတော့ပြောလိုရနေတာပဲအခုဟာကသျှားထက်ကိုလည်းဘာမှမပြောပါချေ။ company ကိုသျှားထက်သွားတော့လည်းသမုကမရှိ။သျှားထက်ကတော့ သမုပေးသည့်နေရာမှပဲသူလုပ်စရာရှိသည့် အလုပ်တွေကိုသာ လုပ်နေသည်။သမုသူ့ရဲ့အလုပ်ကိစ္စတွေကိုလွှဲပေးထားသည့် အမကလည်း ဘာမှမပြောပြချေ။ပိုက်ဆံလိုရင်သာ လာပြောပါဟုပဲပြောသည်။

"အကို ဒီနေ့ ကွတ်ကီးဝယ်လာတယ်"

"အာ...သျှားထက်ကလည်း အပင်ပန်းခံလို့ဝယ်လာသေးတယ်"

"မစားတော့ဘူးလား"

"စားမှာပေါ့ စကားအဖြစ်လေးတောင်ပြောလို့မရဘူးလား ဟားးးဟားးး"

ရယ်သံတွေကအသက်မပါသလိုခြောက်ကပ်နေသည်။ငိုချင်နေပါသော်လည်းထိုခံစားချက်ကိုဖုန်းကွယ်ရန်ခြောက်ကပ်ကပ်ရယ်သံကိုသာအသုံးပြုနေရသည်။

သျှားထက်လည်းခေတ်သွေးရဲ့ပုံစံလေးကိုကြည့်ပြီးဝမ်းနည်းမိသည်။အစကတော့ချစ်ပါသည့်ဟုပြောခဲ့သည့်သူက အခုသူ့အနားမှာတောင်မရှိတော့တဲ့ခံစားချက်က ဘယ်အရာနှင့်နှိုင်းယှဉ်ရမလည်း။အချစ်ကအစပိုင်က အေးချမ်းပြီးနောက်ပိုင်းပူလောင်သည်လား။

"နည်းနည်းကျွေးပါအုံး"

ကွတ်ကီးကိုခေါင်းငိုက်ဆိုက်ကာစားနေသည့် ခေတ်သွေးကိုပြုံးပြကာပြောလိုက်သည်။

"တစ်ခုပဲရမယ်နော် ဒါကဝယ်လာပေးလို့ပြန်ကျွေးတာ"

"ဟွန်း...ဝယ်လဲဝယ်လာရသေးတယ်စားလည်းမစားရဘူးဒါဖြစ်သင့်လား"

"ဖြစ်သင့်တယ်"

"ဟားးးဟားးးးးဟားးးးး"

နှစ်ယောက်လုံးရယ်သံများထွက်ပေါ်လာကာအားရပါးရရယ်မိသည်။

ညရောက်တော့ ခေတ်သွေးနဲ့သျှားထက်ကအရင်နေ့တွေလိုပဲကြက်ဥသာပြုတ်စားကြသည်။စားပြီးဆိုဖာပေါ်မှာ ထိုင်ကာ TV ကြည့်ကြသည်။

ဒီညလည်း သမုအတ္တညိုက ပြန်မလာပြန်ဘူး။တကယ်ကို ဒုတိယအကြိမ်ထားသွားတာလား...။

Friend Lover...(complede)Where stories live. Discover now