အိမ်ကိုရောက်တော့ ခြံထဲကိုပုံမှန်အတိုင်းဝင်လိုက်သည်။ဧည့်ခန်းထဲကိုရောက်တော့ သူ့ညီမကTVကြည့်နေသည် ဒေါ်ဝေဟန်နန်းညိုကတော့ သမုကိုလဲမြင်ရော မျက်နှာက ချက်ခြင်းပင် မာထန်လာသည်။
ဖြောင်း....
"ကျွန်တော်ဘာလုပ်လို့လဲ ဘာလို့ရိုက်တာလဲ"
သမုရဲ့ပါးပြင်ကို အားပါပါရိုက်လိုက်ချင်းပင်။ရုတ်တရက်ရိုက်ခံလိုက်ရတာကြောင့် သမုဘာမှနားမလည်သည့်ပုံစံဖြင့်ဒေါဝေဟန်နန်းညိုကိုပြန်ကြည့်မိသည်။
"ခွေးသား..ခွေးထက်မိုက်တဲ့သား မေမေ မင်းကို France ကိုပညာသင်ဖို့လွှတ်တာ အဲ့အလုပ်တွေလုပ်ဖို့လွတ်တာမဟုတ်ဘူး"
သမုရဲ့ရင်ဘက်ကိုထုလျက် လက်ထဲမှာကိုင်ထားသည့် ပုံများကိုသမုမျက်နှာပေါ်ပြစ်လျက်ပြောသည်။ထိုသို့မှသမုနားလည်လိုက်သည်။သမုရဲ့မေမေကထိုအလုပ်လုပ်တဲ့သူတွေကိုအရမ်းမုန်းသည်လေ။
"ဘာဖြစ်လဲမေမေ ! ကျွန်တော် မှောင်ခိုလက်နတ်ရောင်းတယ်။ ဆေးရောင်းတယ်။လူသတ်တယ် အဲ့တာဘာဖြစ်လဲ ကျွန်တော်ကမကောင်းတဲ့လူတွေကိုပဲသတ်တာ အဲ့တာဘာဖြစ်လဲ"
"သမုအတ္တညို မင်းမကောင်းတဲ့အလုပ်တွေမလုပ်ပါနဲ့ မေမေမကြိုက်ဘူး မင်းလုပ်ချင်ရင်မေမေကိုအရင်သတ်လိုက်"
"မဖြစ်နိုင်တာတွေမပြောပါနဲ့မေမေ ကျွန်တော်အဲ့အလုပ်ကိုသဘောကျတယ်နောက်ပြီးမေမေကိုလဲသတ်မှာမဟုတ်သလိုကျွန်တော်ကိုလဲလာမတားနဲ့"
သမုခပ်ပြတ်ပြတ်ပင်ပြောသည်။ဒေါ်ဝေဟန်နန်းညိုကတော့ တင်းနေသည့်မျက်နှာထားကိုအဆုံးစွန်ထိလျော့ချကာ...။
"ဒါဆို နှင်းပွင့်လွှာနဲ့ နောက်တစ်လနေရင်လက်ထပ် မင်းအလုပ်ကိုမေမေမတားသလိုမေမေသဘောကိုလဲလိုက်ရောပေ"
"လက်မထပ်နိုင်းဘူး ကျွန်တော်မိန်းမတွေမကြိုက်ဘူး နှင်းပွင့်လွှမှမဟုတ်ဘူး ဘယ်မိန်းမကိုမှမကြိုက်ဘူး ကျွန်တော်ကြိုက်တာ ယောက်ျား"
သမုပြောလိုက်သည်စကားကြောင့် ဒေါ်ဝေဟန်နန်းညိုမျက်နှာဟာ ဒေါသရိပ်များလွှမ်းခြံလျက် သမုကိုကြည့်နေမိသည်။