ဒီနေ့နဲ့ဆို french မှာနေတာ နှစ်ဆယ့်သုံးရက်ရှိပြီးဖြစ်သည်။အခုဆိုသူတို့လဲပြန်တော့မှာဖြစ်သည်။လေယာဉ်လက်မှတ်လဲဝယ်ပြီးပြီ ဒီနေ့ပြန်တော့မှာဖြစ်သည်။ သျှားထက်ကတော့ အရင်ကအလုပ်တွေလုပ်စရာမလိုတော့ပေ။ သမု အသစ်တည်ထောင်ထားသည့် company တစ်ခုမှာပဲ အတွင်းရေးမှုပဲလုပ်ရတော့မည်။ company က french မှာတော့မဟုတ် မြန်မာနိုင်ငံမှာဖြစ်သည်။
"Boss တို့အရင်သွားနှင့်ပါ"
"အင်း HAVI အလုပ်တွေကိုအပြီပြတ်အောင်ရှင်းခဲ့ ပြီးရင် ဒီအိမ်ကို သေချာစောင့်ရှောက်ဖို့ပြောလိုက်"
"ဟုတ်ကဲ့ boss "
အိမှာသာမင်းတွေငါတွေသုံးပေမဲ့ အလုပ်သမားတွေရှေ့ရောက်ရင်တော့ အလုပ်ရှင်နဲ့အလုပ်သမားလိုသာ ပြောကြသည်။
သူတို့လဲထွက်သွားသည်။ခေတ်သွေးကတော့ လေယာဉ်ပေါ်တက်သွားသည်အထိ လက်ပြနှုတ်ဆက်ကာပြောနေသည့်ဟန်လေးဖြင့်ပြုံးပြသည်။
မြန်မာပြည်ကိုပြန်ရောက်သည်နှင့် ခေတ်သွေးမျက်နှာလေးကလန်းလန်းဆန်းဆန်းရှိသည်။
"ပြောနေတာလား"
"ငါ့ရုပ်ကမဲ့နေတာမြင်လို့လား"
"ခံပြောနေတာလား ဒီလေယာဉ်ကွင်းမှာတင်ခါးကျိုးချင်တာလား"
"မင်း..."
"ရှူးးးအိမ်ပြန်ကြမယ်"
ခေတ်သွေးနှုတ်ခမ်းလေးကို လက်ညှိုးလေးနှင့်အသာဖိကာ ခေတ်သွေးကို တင်ပါးကနေမပြီးသူ့ပုခုံးနဲ့တန်းကာချီသွားသည်။
"အား....ငါ့ကိုအခုအောက်ချပေး"
"အင်း ခနနေရင် ကောင်းစစ်လာကြိုမယ်"
ခေတ်သွေးကိုအောက်ချပေးလိုက်ကာ စူပုတ်ပုတ်ဖြစ်နေသည့်ခေတ်သွေးကိုမစီမဆိုင်ပြောလိုက်သည်။
"ငါမေးလား..."
"အချစ်က အရမ်းဆိုးနေတယ်ကွာ အပြစ်ပေးခံချင်နေတာလား"
"ဟုတ်ကဲ့ပါ ကျွန်တော်မှားတာပါ ခွင့်လွှတ်ပါ"
မဲ့ခါရွဲခါဖြင့်ပြောနေသည့် ခေတ်သွေးက ကလေးအတိုင်းချစ်စရာသိပ်ကောင်းလွန်းသည်။ခေတ်သွေးရဲ့ပြောပုံဆိုပုံလေးကိုကြည့်ကာ သမုအသဲယားပြီး ခေတ်သွေးရဲ့ပါးကိုနစ်ဝင်သွားသည်အထိဖိနမ်းလိုက်သည်။